24.8 C
Yangon

ကြက်ပေါင်း ခေါက်ဆွဲ လာပို့သည်ဆိုသော ချိုင့်အတွင်းမှ မိုင်းပေါက်ကွဲ၍ လက်ခံထားသော မိုးကောင်းမြို့နယ် စည်ပင်ရုံး ပျက်စီးသွား၊ ပြည်သူ ထံမှ ငွေကြေး ကောက်ခံခြင်း မပြုရန် သတိပေးမှုကို မြို့နယ်စည်ပင်က မလိုက် နာ၍ မိုင်းခွဲဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ပြည်သူများထံမှ ငွေကြေးများ အတင်း အကျပ် ကောက်ခံနေသော မိုး ကောင်းမြို့နယ် စည်ပင်သာယာရေးရုံးကို ယနေ့ နံနက်ပိုင်းတွင် UG Black K က ဗုံးခွဲတိုက်ခိုက်လိုက်ကြောင်း အဆိုပါအဖွဲ့မှ ရဲဘော် တစ်ဦးက ပြောဆိုသည်။

မိုးကောင်းမြို့နယ်စည်ပင်သာယာရေးရုံးကို ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်း မပြုရန် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ငွေကြေးများအတင်း အကျပ် ကောက်ခံနေသဖြင့် မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မိုးကောင်စည်ပင်မှာ အခွန်မကောက်ခံဖို့ ဖိတ်စားပေးပို့တာမရလို့။ ဆွမ်းသွားကျွေးခဲ့တယ်ဗျ။ ဒီမနက် ၁၀ နာရီ ၄၀ မှာ ပေါက်ကွဲခဲ့ပါတယ်။ ချိုင့်နဲ့ကြက်ပေါင်းခေါက်ဆွဲလာပို့တယ် ပြောပြီး ရုံးထဲထိပေးပို့လိုက်တာ ကြည်ကြည်ဖြူဖြူယူသွားပါတယ်။ UG Black K က ပေးပို့တာပါ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

သို့ရာတွင် မိုးကောင်းစည်ပင်ရုံးမှ ဝန်ထမ်းများက ရိပ်မိသွားပြီး မိုင်းမပေါက်ကွဲမီ အချိန်မီ ၀ရုန်းသုန်းကား ထွက်ပြေးသဖြင့် မိုင်းပေါက်ကွဲချိန်တွင် လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- မိုင်းခွဲခံလိုက်ရသော မိုးကောင်းမြို့နယ်စည်ပင်ရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article