27 C
Yangon

မန္တလေးရှိ စစ်တပ်ပိုင်မြ၀တီဘဏ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်သားသေဆုံးမှုရှိ၊ စစ်တပ်သတင်းပေးနှင့်ပျူစောထီးများ အခြေပြုနေသော ပြည်ကြီးတံခွန်အရန်မီးသတ်စခန်းကိုလည်း ဗုံးခွဲ

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

မန္တလေးရှိ စစ်တပ်ပိုင်မြ၀တီဘဏ်ကို ယမန်နေ့ညပိုင်း မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားသေဆုံးမှုရှိနိုင်ကြောင်း၊ စစ်တပ်သတင်းပေးနှင့်ပျူစောထီးများ အခြေပြုနေသော ပြည်ကြီးတံခွန်အရန်မီးသတ်စခန်းကိုလည်း ဗုံးခွဲခဲ့ကြောင်း K.C.G.F မှ ဗိုလ်မြွေပွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ည ၇ နာရီခွဲအချိန်တွင်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၇၈လမ်း ၁၁၄ ၁၁၅လမ်း၊ မြဝတီမင်းကြီးလမ်း နှင့် သာယာဝတီလမ်းကြားရှိ စစ်ကောင်စီ ပိုင် မြဝတီဘဏ် အစောင့် လုံခြုံရေးဘန်ကာကို မန္တလေးမြို့ပြ မဟာမိတ် ၃ ဖွဲ့က ရှေ့ထွက်မိုင်းဖြင့် ပစ်ပေါက် တိုက်ခိုက်ရာ ဘဏ်အစောင့် စစ်သား ၂ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်(ဃ)ရပ်ကွက် ၅၉ D လမ်းနှင့် ၁၁၇ ကျန်စစ်သားလမ်းထောင့်ရှိ (ဃ) ရပ်ကွက်ရှိ စစ်တပ်သတင်းပေးများနှင့် ပျူစောထီးများ အခြေပြုစခန်းဖြစ်သော အရန်မီးသတ်စခန်းကို တတိယအကြိမ် အဖြစု လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရာ မီးသတ်ရုံး အဆောက်ဦးနှင့် စစ် တပ်သတင်းပေး တစ်ဦး၏ အိမ်စီးကားတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဗုံးပေါက်ပြီး အဆိုပါရုံးအတွင်းမှ ပျုစောထီးနှင့် စစ်တပ်သတင်းပေးများက တုတ် ၊ ဓါးများ ကိုင်စွဲ၍ လိုက်လံဖမ်းဆီးသော်လည်း အထိအခိုက်မရှိဟု ဗိုလ်မြွေပွေးက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို K.C.G.F-MRRF-MSMF-(MDY-UGတပ်ပေါင်းစု)က ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြည်သူနဲ့ဆန့်ကျင်ဖက်မှာရှိတဲ့မည်သည့်အဖွဲ့စည်းလူပုဂ္ဂိုလ်ကို မဆို ထိရောက် စွာအပြစ်ပေးမယ်ဆိုတာ အရန် မီးသတ်စခန်းဟာ နမူနာပါ။ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူကို ဖိနှိပ်နေသူမှန်သမျှ ကျနော်တို့က တိုက်ခိုက်မှာပါ” ဟု ဗိုလ်မြွေပွေးက ဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီလုံခြုံရေးများ စောင့်ကြပ်နေသည့် မန္တလေး မြ၀တီဘဏ်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article