39 C
Yangon

လေတပ်အရာရှိ ဗိုလ်ကြီးဝေလင်းခိုင် အပါအဝင် လေတပ် တပ်ဖွဲ့ဝင် ၅ ဦးကို စစ်တပ်က စစ်ကြောရေးတွင် ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

အကြမ်းဖက်စစ်တပ်က လေတပ်အရာရှိ ဗိုလ်ကြီးဝေလင်းခိုင် အပါအဝင် လေ တပ်တပ်ဖွဲ့ဝင် ၅ ဦးကို ဖရဲသီးအဖြစ် ပြင်ပသို့ သတင်းပေါက်ကြားစေမှု၊ လုံခြုံ ရေး ပေါ့လျှော့မှု ၊ CDM စစ်သားများနှင့် ဆက်သွယ်မှု အပါအဝင် စွပ်စွဲချက် ပေါင်းများစွာဖြင့် ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်လျက်ရှိကြောင်း သိရှိရသည်။

ရေကြည်အိုင် စစ်ကြောရေးတွင် ဗိုလ်ကြီးဝေလင်းခိုင်၊ ဒုအရာခံဗိုလ် ချမ်းအေး၊ တပ်ကြပ်ကြီး နောင်နောင်အောင်၊ အုပ်ခွဲတပ်ကြပ်ကြီး နိုင်လင်း၊ တပ်ကြပ်ကြီး တင်ထက်ဦး တို့ကို ဖမ်းဆီးထားသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်သော်လည်း မိသားစုနှင့်‌ တွေ့ခွင့်မပေးခြင်း၊ စစ်ကြောရေးတွင် အလွန်အမင်း နှိပ်စက်ခြင်း၊ နှိပ်စက်မှုများကြောင့် ကျန်းမာရေး ချို့ယွင်းနေသော်လည်း ဆေးကုသခွင့်မပေးခြင်းများ ကြုံတွေ့နေရသည်ဟု လေတပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“အဲဒီ ၅ဦး လုံး က တံတားဦး (မှော်ဘီစစ်ဆင်ရေးရောက်) ကပဲ။ ဖမ်းတာက တော့ မှော်ဘီနဲ့ မင်္ဂလာဒုံလေတပ်က လူတွေလည်းပါတယ် ” ဟု လေ တပ်သတင်းရင်းမြစ်က ပြောသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်း လေတပ်အရာရှိ ဗိုလ်ကြီးတင်အောင်ခိုင်ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်း Yak 130 လေယာဉ် ၂ စင်း ဗုံးဖောက်ခွဲမှု တွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်က လေတပ်ကို စစ်ဆေးခဲ့စဉ်။ (ပုံအဟောင်းဖြစ်သည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article