32 C
Yangon

မိုးမိတ်မြို့နယ်၊ သရက်ချိုကျေးရွာ (ဂျန်ဂန်) အနီးတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပွားနေ၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ၈ နှစ်အရွယ် ကလေးငယ်သေဆုံးကာ မိခင် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် အရှေ့မြောက်ဘက်ရှိ သရက်ချိုကျေးရွာ (ဂျန်ဂန်) အနီးတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ယမန်နေ့ ဇူလိုင်လ ၂၁ ရက်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ မိုးမိတ်အခြေချ စစ်ဗျူဟာက လက်နက်ကြီး ပစ်ခတ်သဖြင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီးသေဆုံးကာ မိခင်ဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

“သရက်ချိုရွာနားမှာ ဖြစ်တာပေါ့၊ စစ်တပ်နဲ့ KIA နဲ့ တိုက်ပွဲဖြစ်တာ။ ဗျူဟာက မိုးကုတ်ကနေလာတဲ့လမ်းပေါ်မှာ ရှိတာ မိုးမိတ်အဝင်ပေါ့။ တိုက်ပွဲဖြစ်နေတာက မိုးမိတ်ရဲ့ အရှေ့မြောက်ဘက်က သရက်ချိုမှာ။ စစ်တပ် ကင်းပုန်းစခန်းတွေနဲ့ KIA အဖွဲ့တွေ ဖြစ်နေတာ၊ အဲဒါကို ဗျူဟာက လက်နက်ကြီး ပစ်ကူတာ လယ်ကွင်းထဲကျပြီးတော့ ကလေး ၁ ယောက်သေတယ်၊ အမေက ဒဏ်ရာရတယ်။ တိုက်ပွဲက မနေ့ မနက်ကတည်းက ဖြစ်နေတာ၊ လက်နက်ကြီးပစ်ကူတာက နေ့လယ်ပိုင်း လောက်မှာပေါ့” ဟု မိုးမိတ်ဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရွာသားကလေးငယ် ၁ ဦး သေဆုံးပြီး မိခင်ဒဏ်ရာရသည့်ဖြစ်စဉ် အသေးစိတ်သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျက်ရှိသည်။

မိုးမိတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် SSPP/SSA တပ်ဖွဲ့ကြား ဇူလိုင်လ အစောပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်းတွင် စစ်တပ်နှင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအစပ် မိုးမိတ်မြို့နယ်အတွင်း၌ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့များ စစ်ရေးလှုပ်ရှားလျှက်ရှိပြီး အကြမ်းဖက်စစ်တပ်နှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article