By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၉ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမ နဲ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ သေဒဏ်ပေးမှုတွေကို ထောက်ခံတဲ့ လှုပ်ရှားမှုကို မဘသ ၊ စစ်မှုထမ်းဟောင်း နဲ့ အမျိုးသားရေး အစွန်း ရောက်အများအပြား တက်ရောက်နေတယ်လို့ ရန်ကုန်မြို့ခံတွေဆီကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ နဲ့ ဝက်လက်မြို့ အစပ်မှာရှိတဲ့ စဥ့်ကိုင်ရွာမှာ အကြမ်းဖက် စစ်ကောင်စီ တပ်က တောရဘုန်းကြီးကျောင်းကို RPG ၂ လုံးနဲ့ ပစ်ခတ် ခဲ့တဲ့အတွက်ကြောင့် ဆရာတော် ၁ ပါး ထိမှန်သွားပြီးပျံလွန်တော်မူခဲ့တယ်လို့ တောကြီးမြွေပွေး တပ်ဖွဲ့ရဲ့ တာဝန် ရှိသူ တစ်ဦးက ပြောပါတယ်။
– ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၆ ရပ်ကွက်မှာ ဇူလိုင်လ ၂၈ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်သွားပြီးနောက် အကြမ်းဖက် စစ်ကေင်စီတပ်က ၁၆ ရပ်ကွက်အတွင်းမှာရှိတဲ့ လမ်းတွေ ကို ဝင်ရောက်စီးနင်းပြီး စျေးဆိုင်တွေကို ဖျက်ဆီးတာ ၊ ပြည်သူတွေကို ရိုက်နှက်တာတွေအပြင် အရက်ပုလင်း တွေကိုပါ လုယူသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။