30 C
Yangon

သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းတပ် မိုင်းခွဲပစ်ခတ်တိုက်ခိုက်၍ စစ်ကား ၂ စီး ပျက်စီးပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နှင့် ပလေခီးကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို KNLA တပ်မဟာ ၂ ပူးပေါင်းအဖွဲ့က ယမန်နေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၉ နာရီခွဲခန့်တွင် မိုင်းခွဲပစ်ခတ်တိုက်ခိုက်ရာ စစ်ကား ၂ စီး ပျက်စီးပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။

“တောင်ငူကနေ သံတောင်ကြီးကို ရိက္ခာပို့လာတဲ့ စစ်ကား ၅ စီးကို စောင့်ပြီး မိုင်းခွဲပစ်ခတ်တာပါ။ ကား ၂ စီး ပျက်တယ်၊ ၁၀ ယောက်ကျော်သေတယ်၊ ၅ ယောက် ဒဏ်ရာရတယ်၊ သေတဲ့ထဲမှာ အကောင်ကြီး ၁ ကောင် ပါမယ်။ မိနစ် ၃၀ လောက် ပစ်ပြီးတော့ လက်နက်ဝင်ကောက်ဖို့ မရလိုက်ဘူး၊ စစ်ကူတွေထပ်ရောက်လာလို့ ပြန်ဆုတ်လာတယ်၊ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး၊ လက်နက်ဝင်ကောက်ဖို့ မရလိုက်ဘူး” ဟု KNLA တပ်မဟာ ၂ ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မိုင်းခွဲပစ်ခတ်ပြီးနောက် အကြမ်းဖက်စစ်တပ်ဘက်မှ စစ်ကူများထပ်ရောက်လာကြောင်း အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း KNLA သတင်းရင်းမြစ်က ဆက်ပြောသည်။

တောင်ငူ-သံတာင်-သံတောင်ကြီးကားလမ်းတွင် အကြမ်းဖက်စစ်တပ်၏ စခန်းကုန်းများရှိပြီး တိုက်ပွဲဖြစ်ပွားရာ သံတောင်-ပလေခီး-သံတောင်ကြီး ကားလမ်းပေါ်တွင် စစ်တပ် ခြေကုပ်စခန်း ၅ ခု ခန့်ရှိသည်။

ဓါတ်ပုံ – KNLA တပ်မဟာ ၂ ပူးပေါင်းတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article