ရန်ကုန်၊ ဇူလိုင် ၃၁
ကရင်ပြည်နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်က စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တိုက်ပွဲဝင် ” လူထုသစ္စာအဓိဌာန် ပြုပွဲ ” အခမ်းအနားကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဒေါနစစ်ကြောင်းက ယနေ့ ကျင်းပကြောင်း သိရှိရသည်။
သစ္စာအဓိဋ္ဌာန်ပြုမူအနေဖြင့် ရဲဘော်များက အောက်ပါအတိုင်း သစ္စာအဓိဌာန်ပြုကြသည်။
သစ္စာအဓိဌာန် ပြုခြင်း
ငါတို့သည် တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့သူ အပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွတ်အလေးပြုပါသည်…
ငါတို့သည် တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဌာန်ပြုပါသည်…
တရားမျှတလွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းတို့သည် ဤမြေ၌တည်ပါစေသတည်း…



