ရန်ကုန်၊ ဩဂုတ် ၂
အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ဆန့်ကျင်ရေး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ကျေးရွာ ၁ ရွာတွင် ဩဂုတ်လ ၁ ရက် ညပိုင်းက ညသပိတ်ပြုလုပ် ဆန္ဒပြကြသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုအမိန့်တစ်ခု ဖြစ်သည့် ‘ပြည်သူနှင့်အတူ’ အဆိုအမိန့်ကို ဖယောင်းတိုင် မီးဖြင့်ပုံဖော်၍ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံထားရသော ရဟန်း ရှင်လူ ကျောင်းသားပြည်သူများ ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာစေရေ ၊ ကျဆုံးသွားသော အာဇာနည်များကောင်းရာသုဂတိလားစေရေး ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။
ထို့နောက် NUG ကာကွယ်ရေးအလံတော်အား အလေးပြုခြင်း၊ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး ကြွေလွင့်သွားသော အာဇာနည်များ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဦးညွတ်အလေးပြုခြင်း၊ ကျဆုံးသွားသော အာဇာနည်သူရဲကောင်း အားလုံးတို့အား လွမ်းဆွတ်တမ်းတသတိရသောအားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်း၊ လူထုသစ္စာအဓိဋ္ဌာန်ပြု ကြွေးကြော်ခြင်း၊ သွေးစည်းညီညွတ်ရေး အာဏာရှင်ဆန့်ကျင်ရေး တေးသီချင်းများ သံပြိုင်သီဆိုခြင်းများပြုလုပ်ခဲ့သည်။



