29 C
Yangon

မှော်ဘီလေတပ်ရှေ့ရှိ ဗိုလ်သင်တန်းကျောင်း(အမျိုးသမီး) တွင် ဗုံးပေါက်ကွဲပြီး လူနာ တင်ကားများ ဝင်ရောက်သွား၊ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ညအချိန်လေ့ကျင့်ရေးလုပ်ဟု စစ်တပ်က သတင်းလွှင့်

Must read

ရန်ကုန်၊ ဩဂုတ် ၂

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်ရှေ့ ဗိုလ်သင်တန်း ကျောင်း (အမျိုးသမီး)တွင် ဩဂုတ်လ ၁ ရက်နေ့ ညပိုင်း ဗုံးပေါက်ကွဲပြီး လူနာတင်ကားများ ဝင်ရောက်သွားသဖြင့် ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဩဂုတ်လ ၁ ရက်နေ့ည ၇ နာရီအချိန်တွင် မှော်ဘီ ဗိုလ်သင်တန်း ကျောင်း (အမျိုးသမီး)တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး လူနာတင်ကား ၄ စီး ဝင်ရောက်သွားကြောင်း၊ စစ်တပ်က ညအချိန် လေ့ကျင့်ရေးလုပ်သည်ဟု သတင်းလွှင့်ထားကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

“မှော်ဘီ လေ့ကျင့်ရေးတပ်လား( ဗိုလ်မ )တွေ သင်တန်းပေးတဲ့နေရာ အုန်းခံရတယ်။ မနေ့ည ၇နာရီလောက်က။ အဲဒီတပ်ကတော့ ညဘက် သူတို့ လေ့ကျင့်ရေး လုပ်တယ်ဆိုပြီး သတင်းလွှင့်တယ်။ ည ၇ နာရီကို လေ့ကျင့်တယ်လား၊ ဗုံးကွဲ ကွဲတယ်ပေါ့။ လူနာတင်ကား ၄စီး တပ်ထဲ ဝင်သွားတယ်။ အဲဒီလေ့ကျင့်ရေးတပ်က ဗိုလ်မတွေ သင်တန်းပေးတဲ့နေရာ။ အမျိုးသမီးဗိုလ်မတွေချည်းပဲ သင် တန်းတက်ရတဲ့ နေရာ” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ ၎င်းတို့၏ လက်ချက်ဟု တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ဓာတ်ပုံ- မှော်ဘီအမျိုးသမီး ဗိုလ်သင်တန်းကျောင်း သင်တန်းဆင်းပွဲ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article