28 C
Yangon

မင်္ဂလာဒုံ၊ ပုလဲမြို့သစ်မှ လက်နက်ကိုင်ခွင့်ရ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လင်မယား ပစ်သတ်ခံရ၊ မိုင်းပေါက်ကွဲသံများထွက်ပေါ်နေပြီး စစ်အင်အားတိုးချ

Must read

ရန်ကုန်၊ ဩဂုတ် ၂

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပုလဲ၂ ပေါင်းကူဉာဏ ရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဝင်းနိုင်ထွန်းနှင့်ဟေမာထွန်းတို့ လင်မယား ၂ ဦး ယနေ့ နံနက် ၉ နာရီအချိန်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း‌ ဒေသခံများက ပြောဆိုသည်။

“ပုလဲမြို့သစ်က အုပ်ကြီးဝင်နိုင်ထွန်းလင်မယားကားအောက်ထဲ ဗုံးအပစ်ခံရပြီး သေနတ်နဲ့ပစ်သတ်ခံရတာ နှစ်ဦးစလုံးသေသွားပြီ။ အခုရပ်ကွက်တွေထဲ့မှာ ခွေးတွေဝင်နေတယ်ဆိုင်ကယ်တွေပါလိုက်ဖမ်းနေတယ်။ အဲ့ဒီအုပ်ကြီးက သေနတ်လည်းရှိတယ်။ အိမ်မှာအစောင့် စစ်သားနှစ်ယောက်ရှိတယ်။ အခုတော့ သေတာတော့ သေသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အခြားမျက်မြင်ဒေသခံတစ်ဦးကမူ “သူတို့စီးတဲ့ကားအောက်မှာ ဗုံးအရင်ကွဲတာ။

အသံတော်တော်ကျယ်ကျယ်တယ်။ ပြီးမှ သေနတ်နဲ့ပစ်တာ။ ကား အောက် မှာ ဗုံးပေါက်သွားပြီး ကားရပ်သွားမှ လင်မယားနှစ်ယောက်ကိုပစ်တာ။ ကားပေါ်တင် နှစ်ဦးစလုံး ပွဲချင်းပြီးပါပဲ” ဟု ပြောဆိုသည်။

အုပ်ကြီးဝင်းနိုင်ထွန်းသည် မင်္ဂလာဒုံမှ လူမိုက်များဖြင့် ဂိုဏ်းပုံစံဖွဲ့စည်းပြီး လက် နက်ကိုင်ဆောင်ထားကြောင်း၊ ဒေသခံပြည်သူများကို အလွန်မောက်မာရိုင်းစိုင်းပြီး စစ်တပ်၏ လက်ကိုင်တုတ်အဖြစ်လုပ်ဆောင်ကြောင်း၊ စျေးထဲသို့ သူ့ကားဝင်လာချိန် မလွတ်ကင်းသော စျေးဗန်းမှန်သမျှ တိုက်ချလေ့ရှိကြောင်း၊ မင်္ဂလာဒုံမှ UG နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ်များကို ၎င်းကိုယ်တိုင် လိုက်လံဖမ်းဆီး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် မိုင်းပေါက်ကွဲသံများကြားနေရပြီး စစ်ကောင်စီတပ်နှင့်ရဲများ ရပ်ကွက်များအတွင်းသို့ ပိုမိုဝင်ရောက်လာနေသည်ဟု သိရှိရသည်။

ဓာတ်ပုံ- ပစ်ခတ်ခံရ၍ သေဆုံးသွားသော အုပ်ကြီးလင်မယားနှင့် စီးနင်းလာသော ကား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article