30 C
Yangon

မင်းကင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်နေ ၊ ပြည်သူများ အသက်လုထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၆

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေကြောင်းဒေသခံများက ရန်ကုန်ခေတ် သစ် သတင်းဌာနသို့ ပြောဆိုကြသည်။

ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်မှစတင်ပြီး မင်းကင်းမြို့နယ်ရှိ ဘင်၊သင်တော၊လောင်းပြည့် ကျေးရွာအပါအဝင် ကျေးရွများအနီးကို ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်တိုက်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ရုတ်တရက်ကြီးလာပြီး ရဟတ်ယာဉ်တွေနဲ့ လာပစ်နေတယ်။ အခုလည်းပစ် နေတုန်း။ ဘာကြောင့် လာပစ်တာလည်းတော့ မသိဘူး။ လက်ရှိအချိန်မှာ အထိအခိုက်လည်း ဘာမှမပြောနိုင်သေးဘူး။ ဒေသခံတွေကတော့ အသက် လု ထွက်ပြေးနေကြရတယ်” ဟု လောင်းပြည့်ကျေးရွာဒေသခံတစ်ဦးက ပြောဆို သည်။

မင်းကင်းမြို့နယ်တွင် ယနေ့ စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက် နေ သော ကျေးရွာများသည် စစ်တပ်၏ အကြိမ်ကြိမ်မီးရှို့ခံရသည့် ချင်းတွင်းမြစ် ကမ်း ဘေးမှ ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ရေးလေ့ကျင့်နေသော အကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article