31 C
Yangon

တန့်ဆည်၊ ကံထူးမရဲစခန်းမှ ရဲတပ်သား ဇင်သူအောင် လက်နက်အပြည့်အစုံဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်၊ TPC က ဆုငွေ သိန်း ၇၀ ကျပ် ချီးမြှင့်

Must read

ရန်ကုန်၊ ဩဂုတ် ၆

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းမှ ရဲတပ်သား ဇင်သူအောင်သည် ၎င်းကိုင်ဆောင်သည့် G3 သေနတ် ၁ လက်၊ ကျည်ဆံများ၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့်အတူ ရွှေဘိုခရိုင်တပ်ရင်း ၂၅၊ တန့်ဆည်ပြည်သူ့ရဲဘော်တပ်ဖွဲ့ TPC ထံ CDM ပြုလုပ် အလင်းဝင်လာကြောင်း သိရှိရသည်။

ရဲတပ်သား ဇင်သူအောင်သည် မိတ္ထီလာအခြေစိုက် အမှတ် ၃၅ ရဲတပ်ရင်းမှ ဖြစ်ပြီး ကံထူးမနယ်မြေရဲစခန်းတွင် တာဝန်ကျနေသူဖြစ်သည်။

“ရဲတွေ စစ်သားတွေဆိုတာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ပဲဖြစ်တယ်။ အခု မင်းအောင်လှိုင် စကစရဲ့ လက်အောက်မှာ သူတို့ ခိုင်းတာပဲ ကိုယ်လုပ်ခဲ့ရတယ်၊ ပြည်သူတွေကို သတ်နေတာ အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးနေတာတွေကို ရင်ထဲမှာ ခံစားရပါတယ်။ ပြည်သူလူထုဘက်က ရပ်တည်ပြီး လက်တွဲချင်လို့ CDM လုပ်ခဲ့တာပါ” ဟု ရဲတပ်သား ဇင်သူအောင်က ပြောဆိုသည်။

မိသားစုများမှာ တပ်ရင်းထဲတွင်ရှိနေပြီး ၎င်းမှာ ရှေ့တန်းရောက်နေသည့်အတွက် CDM ပြုလုပ်ရန် ခက်ခဲကြန့်ကြာမှုများ ရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်ရန် အခက်အခဲ ရှိခြင်းများအတွက် ယခုချိန်မှ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်သား ဇင်သူအောင်က ဆက်လက်ပြောဆိုသည်။

CDM ပြုလုပ်ခဲ့သည် ရဲတပ်သား ဇင်သူအောင်ကို တန့်ဆည်ပြည်သူ့ရဲဘော်တပ်ဖွဲ့ TPC က ဆုကြေးငွေ သိန်း ၇၀ ကျပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article