30 C
Yangon

ဒီးမော့ဆိုတွင် မိုင်းမိသေဆုံးသော စစ်သား ၄ ဦး အလောင်း လာကောက်သည့် စစ်ကြောင်း လက်နက်ကြီးဖြင့် ပစ် ခတ်ခံရ၍ ထွက်ပြေး၊ မြစ်ကြီးနားတွင် ရဲဝတ်စုံ ဝတ်ဆင်ထားသော သေနတ်သမားများက ဝင်ရောက် ပစ်ခတ်သဖြင့် ရဲ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၆

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာအနီး ယမန့် ဩဂုတ်လ ၄ ရက်တွင် အကြမ်းဖက်စစ်သား ၄ ဦး မိုင်းထိမှန်ပြီး အလောင်းလာ ကောက် သော စစ်ကောင်စီတပ်ဖွဲ့မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့များ၏ လက်နက် ကြီးများ ဖြင့် တိုက်ခိုက်ခံရပြီး ကစဥ့်ကလျား ထွက်ပြေးသွားကြောင်း ကရင်နီပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ KPDF က သတင်းထုတ်ပြန်သည်။

ယင်းနောက် စံပြ ၆ မိုင်ရှိ ခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်း တပ်စွဲထား သော အကြမ်းဖက်စစ်တပ်ကို ကရင်နီပူးပေါင်းအဖွဲ့က ယနေ့ ဩဂုတ်လ ၆ ရက်တွင် ပစ်ခတ်တိုက်ခိုက်ရာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားပြီး လက်ရှိအချိန်ထိ နှစ်ဖက် စစ်ရေးတင်းမာလျှက်ရှိကြောင်း သိရှိရသည်။

အလားတူ မြစ်ကြီးနားမြို့ ပလနရပ်ကွက် အမှတ် ၃ရဲစခန်းဂိတ်ကို ယနေ့ သြဂုတ်လ ၆ရက် နံနက် ၆ နာရီအချိန် ရဲဝတ်စုံဝတ်ဆင်ထားသော သေနတ် သမား ၄ ဦး ဝင်ရောက်လာပြီး ပစ်ခတ်ရာ ရဲ ၄ ဦးသေဆုံးပြီး ဒဏ်ရာ ရရှိသူ များပြားကြောင်း ဒေသသတင်းရင်းမြစ် Manua Voice က သတင်း ဖော် ပြသည်။

“ပလနဘက်မှာ အခု လုံခြုံရေးတင်းကျပ်တယ်။ မနက်က ပစ်ခတ်မှုက အပြန် အလှန်ပစ်ကြတာထက် ဟိုက ပစ်ပြီး ပြန်ထွက်သွားတာကို ရဲစခန်းကနေ ရမ်း ပစ်နေတာ။ အကုန်လုံးသတိထားနေရတယ်။ ရဲတွေ ဘက်က ဒဏ် ရာ ရတာရော သေတာရောရှိတယ်။ အတိအကျတော့ အရေအတွက်မသိဘူး။ ပစ်ခတ်မှု တွေဖြစ်သွားတာ အမှန်ပဲ။ ရပ်ကွက်ကို ရမ်းမှာ ကြောက်ရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- KPDF မှ ရဲမေတစ်ဦးနှင့်ရဲဘော်တချို့။

Photo- KPDF။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article