30 C
Yangon

မြိုင်ဒေသတွင် စစ်တပ်၏ ထိုးစစ်များကြောင့် ပြည်သူများ ကိုယ်တိုင် ဆင်းရဲ ဒုက္ခ ကြုံတွေ့နေရသော်လည်း တော်လှန်ရေးအတွက် နွမ်းပါးသည့်ကြားမှာ ရှိ သမျှ ရွှေငွေများ ဆက်လက်လှူဒါန်း

Must read

ရန်ကုန်၊ ဩဂုတ် ၇

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်တပ်၏ ထိုးစစ်များကြောင့် ပြည်သူများက ကိုယ်တိုင် ဆင်းရဲ ဒုက္ခ ကြုံတွေ့နေရသော်လည်း တော်လှန်ရေးအတွက် နွမ်း ပါး သည့်ကြားမှာ ရှိ သမျှ ရွှေငွေများ ဆက်လက်လှူဒါန်းလျက်ရှိကြောင်း BEGSC MYAING သပိတ်ကော်မတီထံမှ သိရှိရသည်။

သြဂုတ်လ(၆)ရက်နေ့တွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ပြုလုပ်သော အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီးတွင် ပြည်သူများက ငွေသား များအပြင် ဝတ်ဆင်လာကြသော ရွှေနားဆွဲများ ၊ ရွှေနားကပ်များ၊ ရွှေလက်စွပ် များနှင့် ရွှေကလစ်များကိုပါချွတ်၍ ကျေးရွာကာကွယ်ရေးအဖွဲ့အတွက် ကူညီ ထောက်ပံ့ကြကြောင်း သိရှိရသည်။

နားကပ်နှင့်နားဆွဲစုစုပေါင်း(၈)စုံ ၊ လက်စွပ်(၄)ကွင်း ၊ ကလစ်(၄)ခုနှင့် ငွေသား စုစုပေါင်း ၁၂၃၀၀၀၀ကျပ်( တစ်ဆယ့်နှစ်သိန်းသုံးသောင်းကျပ်တိတိ ) လှူဒါန်း

ကြကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်အုပ်စုက ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်အပြင် အပြစ်မဲ့ ပြည်သူများကို ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူလူထုကို ကြောက် စိတ်ဝင်လာရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသည့်ကြားကပင် စစ်မှန် သော တော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့် တော်လှန်ရေးအတွက် ကျရာ ကဏ္ဍမှ နိုင်ရာတာဝန်ထမ်းပြီး သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နေကြ သော ပြည်သူလူထုတစ်ရပ်လုံးကို ဦးညွတ်ကြောင်း BEGSC MYAING သပိတ်ကော်မတီက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article