37 C
Yangon

မူဆယ်တွင် အကောက်ခွန်အရာရှိ ၁ ဦး ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသော အ ကောက်ခွန် အရာရှိ ၃ ဦးအထိရှိလာ၊ စစ်တပ်ဘက်တော်သား ပြည်သူ့စစ်များ စီးနင်းလာသော ကားတိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဩဂုတ် ၈

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ယနေ့ နေ့လယ်ပိုင်းတွင် အကောက်ခွန် အရာရှိ တစ်ဦး ကို အမည်မသိ အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးသွားကြောင်း ဒေသခံ များ ထံမှ သိရှိရသည်။

ဩဂုတ်လ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် မူဆယ်မြို့ ပီတိ လက် ဖက် ရည်ဆိုင် ထိုင်နေသော အကောက် ခွန် အရာရှိတစ်ဦးကို အဖွဲ့တစ်ခုက ဖမ်း ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ အကောက်ခွန်အရာရှိအဖမ်းခံရတာဟုတ်တယ်။ ကျင့်စန်းကျော့ဂိတ်က ။ ဒီတစ်ပတ်အတွင်းမှာ အဖမ်းခံရတဲ့ အကောက်ခွန်အရာရှိ ၃ ဦးအထိရှိလာပြီ။ ဘယ်သူ တွေက ဖမ်းလဲတော့မသိဘူး” ဟု မူဆယ်ဒေသသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် မူဆယ်တွင် ယနေ့ ညနေ ၆ နာရီ အချိန် မူဆယ် SB ရုံးရှေ့တွင် စစ် ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ လိုက်ပါသော ကား တိုက် ခိုက် ခံရ ကြောင်း သိရှိရသည်။

“ညနေ ၆ နာရီလောက်က မူဆယ်မြို့မှာ ပစ်ခတ်ဖြစ်တယ်။ ရန်ကုန် တင်တင် လှ မုန့် ဟင်းငါးဆိုင်ရှေ့ ပြည်သူစစ် ကားတိုက်ခိုက်ခံရတာ” ဟု ဒေသခံတစ်ဦး က ပြောဆိုသည်။

ဓာတ်ပုံ- အကောက်အခွန်ဝန်ထမ်းတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article