28 C
Yangon

ကနီ၊ နွားထိုးကြီး၊ တန့်ဆည်၊ တနင်္သာရီ၊ ဟားခါး၊ ယင်းမာပင်တို့တွင် တိုက်ပွဲ များ ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂၇ ဦးသေဆုံး၊ ကနီတွင် အမျိုးအမည် မသိ သည့် လက်နက်ကြီး ကျည်တချို့ စစ်တပ်က အသုံးပြု

Must read

By ရန်ကုန်ခေတ်သစ်

ကနီ၊ နွားထိုးကြီး၊ တန့်ဆည်၊ တနင်္သာရီ၊ ဟားခါး၊ ယင်းမာပင်တို့တွင် တိုက်ပွဲ များ ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂၇ ဦးသေဆုံးပြီး ကနီတွင် အမျိုး အမည် မသိသည့် လက်နက်ကြီးကျည်တချို့ စစ်တပ်က အသုံးပြုနေကြောင်း ဒေသ ကာကွယ် ရေးတပ်များထံမှ သိရှိရသည်။

ကနီတွင် စစ်ရေယာဉ်များကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်များကို မြွေဝိုင်းတောင်အနီးတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးကြောင်း အာဏာရှင် တော် လှန် ရေး ပြည်သူ့တပ်မတော် – DRPA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

သြဂုတ်လ ၇ ရက်နေ့ တွင် စစ်သင်္ဘောတစ်စီးနှင့် ထောက်ပို့ မော်တော်ရေယာဉ် ၃ စီးကို DRPA ၊ KGF ၊ IA ၊ Black Shadow နှင့် နယ်မြေခံ ပကဖ ပူးပေါင်း အဖွဲ့ များ က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ ထောက်ပို့သင်္ဘော ၂ စီး လက် နက်ကြီးတိုက်ရိုက်ထိမှန်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့များက အထိအခိုက်မရှိ ဆုတ် ခွာ ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားများက ယင်းရွာတွင် ဝင်ရောက်၍ အ လောင်း များ မီးရှို့သွားသည်ဟု သိရှိရကြောင်း DRPA တာဝန်ရှိသူက ဆို သည်။

အလားတူ ကနီမြို့နယ်တွင်ပင် ဩဂုတ်လ၇ရက်နေ့ တစ်ရက်တည်း စစ်တပ်နှင့် တိုက်ပွဲ ၃ နေရာဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးမှုများနိုင်ကြောင်း ကျောက်လုံးကြီးအဖွဲ့တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မနေ့ မနက်ခင်း ၉နာရီက စပြီး တိုက်ပွဲတစ်နေရာဖြစ်တယ်။ အဲဒီနေရာကနေ ကနီမြို့အနောက်ဖက်မှာ ရှိတဲ့ ရေ လည် ကျွန်းပျူ‌ရွာကို ကနီမြို့ကနေ ရိက္ခာ သွားပို့တဲ့ စစ်ခွေးတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ အဲဒီပွဲမှာ စစ်ခွေးတစ် ကောင် ကျတယ်။ နောက်တစ်နေရာက ချင်တွင်းမြစ်ကနေ အထက်ပိုင်းဆန်တဲ့ စစ်ကောင် စီတပ်ကိုညနေ ၄ နာရီခွဲမှာ ပဲခင်းရွာနဲ့ကဲတောင်ရွာကြားကနေ ပွိုင့်၂ နေရာ ကနေပစ်ခတ်တာ စစ်ခွေး ၁၀ကောင် ကျော်ကျမယ်။နောက်ထပ် တစ်နေရာက ကင်းရွာထဲကနေ အဲဒီစစ်ကောင်စီမော်တော်ကို ၆နာရီလောက် မှာ ထပ်ပစ်ခတ်တယ်။အဒီအကြိမ်မှာ စစ်ခွေး ၅ ကောင် အထက်ကျ တယ်”ဟု ကျောက်လုံးကြီးPDF သတင်းပြန်ကြားရေးတာဝန်ရှိသူပြောသည်။

စစ်တပ်ကပစ်ခတ်ရာတွင် ထူးဆန်းသော လက်နက်များကို သုံးစွဲကြောင်း ကျောက် လုံးကြီး PDF အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ဒီတစ်ခေါက်က စစ်တပ်က စက်လက်နက်တွေ၊ စစ်သင်္ဘောတွေပါ အသုံးပြု လာတယ်။ ထူးထူးခြားခြားအရှည်၂ တောင် လောက်ရှိတဲ့လက်နက်ကြီး တွေ နဲ့ပါ ပစ်ခတ်တယ်။ ဒီလိုမျိုးကျည်ဆံကို တစ်ခါမှ မမြင်ဘူးဘူး။အခုလို မပေါက် ကွဲ လို့ အခုလိုမြင်ဘူးရတယ်”ဟု ကနီဒေသခံPDFတစ်ဦး က ပြောသည်

တနင်္သာရီတိုက်ပွဲတွင် စစ်တပ်သား ၃ ဦးထက်မနည်း သေဆုံး၊ စစ်သားများက မပစ်ရန် တောင်းပန်ခဲ့

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု ၊ ကိုးအင်းရွာတွင် ဩဂုတ်လ ၇ ရက်နေ့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ် ပွား ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရ သည်။

ဩဂုတ်လ ၇ ရက်နေ့ ညနေ (၅)နာရီအချိန် မိနစ်သုံးဆယ်ကြာ တိုက်ပွဲဖြစ် ပွားခဲ့ ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ် ခဲ့ ကြောင်း၊ ရွာသားအချို့ကိုလည်း ဖမ်းဆီးခံခဲ့ရ ကြောင်း ၊ တိုက်ပွဲဖြစ်ပွားသော တပ်မှာ မြိတ်မြို့အခြေစိုက် (၁၇) နှင့် (၁၀၁) တပ်ရင်းတို့ဖြစ်ကြောင်း၊ စစ်တပ် က ကော်တောရွာရှိ ရွာသားအချို့ကိုဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြုကာ သမီးလှရွာဘက်သို့ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့တွင် တိုက်ပွဲ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇၀ ဝန်း ကျင် တိုက်ပွဲအတွင်းပိတ်မိသဖြင့် ၎င်းတို့ကို မပစ်ရန် တောင်းပန်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့ထံမှ သိရှိရသည်။

“တိုက်ပွဲမှာကျွန်တော်တို့ကိုမပစ်ပါနဲ့။ တပ်ရင်းပြန်မလို့ပါ။ တိုက်ပွဲတိုက်ဖို့ လာတာ မဟုတ်ဘူး။ အဲလိုအော်သံတွေကြားရတယ်” ဟု ဘက်မလိုက် ပြောက် ကျား အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အချက်ပေါင်း ၅၀ ကျော် ပစ် ခတ် ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့ထံမှ သိရှိရသည်။

ဟားခါးမြို့ရှိ စစ်တပ်တပ်စွဲနေရာများကို တိုက်ခိုက်

ယနေ့ ဩဂုတ် ၈ရက် နံနေပိုင်းတွင် ဟားခါးမြို့ ၊ ပြည်တော်သာရပ်ကွက် စစ် ကောင် စီရဲစခန်းနီးရှိ စစ်ကောင်စီစာရင်း စစ်ရုံး၊ စစ်တပ် တပ်စွဲထားသည့် အခြေခံပညာကျောင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့၀င်များက သွားရောက် တိုက် ခိုက်ခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသ သတင်း ရင်းမြစ်များက သတင်းဖော်ပြသည်။

တန့်ဆည်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်အထိနာ ဆုတ်ခွာပြေး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တောဂျင်ရွာမှ ထွက်‌လာသော စစ်ကောင်စီ စစ်ကြောင်းကို ယနေ့နံနက်၆နာရီခန့်တွင် တန့်ဆည်PDF တပ်ရင်း(၆)နှင့် ပူး ပေါင်း အဖွဲ့တို့က ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံး မှု ရှိကြောင်း သိရသည်။

တိုက်ပွဲသည် ၁၅မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်များ အထိနာသဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

အင်အား၁၀၀ကျော်ပါသော စစ်ကောင်စီ‌စစ်ကြောင်းသည် ယနေ့နေ့လယ် က စပြီး တန့်ဆည်မြို့နယ်၊ ရွာမုံတောင်ရွာတွင် တပ်စွဲထားလျက်ရှိကြောင်း သတင်း ရရှိသည်။

ယင်းမာပင်တွင် စစ်သား ၃ ဦးသေဆုံး

ဩဂုတ်လ ၇ ရက်နေ့ည၈နာရီအချိန် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာ မြို့နယ် ​မြို့အတွင်း၌ စစ်ကောင်စီတပ်က ကင်းပတ်နေစဉ် မိုင်းနှစ်လုံး ခွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၃ဦး သေဆုံးခဲ့ကြောင်း ၊ တိုက်ခိုက်မှု B-21Kani PDFနှင့်အတူ Dae Doe PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

နွားထိုးကြီးတွင် စစ်အုပ်စုကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဗိုလ်တစ်ဦး အပါ အဝင် ၄ ဦးသေဆုံး

===========================================

မန္တလေးတိုင်း နွားထိုးကြီးမြို့ပေါ် ရှိ စစ်ကောင်စီတပ်ကို ယမန်နေ့ညနေပိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဗိုလ်တစ်ဦး အပါအဝင် စစ်သား ၄ ဦး သေ ဆုံး ကြောင်း Natogyi People Defense Force – နွားထိုးကြီး NPDF က သတင်း ထုတ်ပြန်သည်။

ယမန်နေ့ ညနေပိုင်း နွားထိုးကြီးမြို့လယ်ခေါင်၊ ဆောက်လုပ်ရေးရုံးဝင်းထဲတွင် ခြင်းခတ်နေချိန် နွားထိုးကြီး NPDF က လက်နက်ကြီးများဖြင့် အနီးကပ် ဝင် ရောက် ပစ်ခတ်ခဲ့ရာ ဗိုလ်အဆင့် အပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ၊ ၅ ဦး လည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကနီတွင် စစ်တပ်က အသုံးပြုသည့် အမျိုးအမည်မသိသော လက်နက် ကြီး ကျည်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article