ရခိုင်ပြည်ကို စစ်ကောင်စီက ဖြတ်လေးဖြတ်ပြု လုပ်နေသည့်အပြင် ဘာသာရေးလူမျိုးရေး ပဋိပက္ခဖြစ်စေရန် အကွက်ကျကျဖန်တီးနေ

0
240

ရန်ကုန် ၊ ဩဂုတ် ၁၁

ရခိုင်ပြည်မှာ စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်ကာ စစ်အုပ်စုအဆက် ဆက်သုံးလာတဲ့ ဖြတ်လေးဖြတ် ပြုလုပ်တာကို ပြန်အသုံးပြုလာတယ်လို့ ရက္ခိုင့် တပ်တော်(AA)ရဲ့ ပြောဆိုခွင့်ရှိသူ ခိုင်သုခကပြောပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခိုင်သုခက အဲဒီလို ပြောဆိုသွားတာ ဖြစ်ပါတယ်။

ပြည်သူ့စားဝတ်နေရေးကျပ်တည်းအောင် အငတ်ဘေးဆိုက်အောင် ရိက္ခာ ဖြတ် တောက်မှုကို အကြမ်းဖက် စစ်ကောင်စီကပြုလုပ်ပြီး ကုန်စည် စီးဆင်းမှု ရပ် တန့်အောင် နည်းလမ်းပေါင်းစုံနဲ ပြုလုပ်နေတယ်လို့ ခိုင်သုခကပြောပါတယ်။

ဇူလိုင်၁၈ရက်ကစလို့ မောင်တောမြို့နယ်မြောက်ပိုင်းကို ကုန်ပစ္စည်း သယ်ယူ မှုကို ပိတ်ပင်လိုက်ပြီး ဩဂုတ်လ ၁ရက်နေ့ကစလို့ ပလက်ဝ၊ကျောက်တော် ကုန်လမ်းခရီးနဲ့ ရေလမ်းခရီးအားလုံးကို ပိတ်ထားတယ်လို့ ဆိုပါတယ်။

အမ်းမြို့ဘက်မှာလည်း ဆောက်လုပ်ရေးပစ္စည်း၊လယ်ယာသုံးပစ္စည်းနဲ့ အခြေခံ စားသောက်ကုန်ပစ္စည်းတွေကို ယူဆောင်ခွင့်ပိတ်ပင်ထားတာကြောင့် ဒေသခံ ပြည်သူ တွေရဲ့ စားဝတ်နေရေး၊လူမှုရေး၊စီးပွားရေးနဲ့ ကျန်းမာရေး အခြေခံ လိုအပ်ချက် ကဏ္ဍာမှာ အကြီးအကျယ်အခက်အခဲဖြစ်နေရတယ်လို့ ခိုင်သုခက ဆိုပါတယ်။

ဒါအပြင် စစ်တွေနဲ့အမ်းအကြားအဝေးပြေးကားလမ်းမှာ စစ်ကောင်စီတပ်က စစ်ဆေး ရေးဂိတ် ၁၅ဂိတ်ထိထား ရှိကာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒီလိုစစ်ဆေးတာဟာ ပြည်သူတွေရဲ့ စားနပ်ရိက္ခာ အခက်အခဲတွေအောင် ကုန် စည် စီးဆင်းမှုမရှိအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် ပြောခွင့်ရဦးခိုင်သုခကပြောပါတယ်။

ဒီလိုဂိတ်တွေက အကြမ်းဖက်စစ်သားတွေဟာ ဖြတ်သန်းသွားလာတဲ့ ပြည်သူ တွေ နဲ့ ကားသမားတွေဆီကဖုန်းဘေလ် ၊ ကွမ်းဖိုး၊အရက်ဖိုး ဘီယာဖို့တို့ကို ဗြောင်ကျကျ အနိုင်ကျင့် မိုက်ကြေးခွဲကာ တောင်းခံနေတယ်လို့ ပြောပါတယ်။

ဒါအပြင် လူမျိုးရေးဘာသာရေးပဋိပက္ခကြီးကြီးမားမားဖြစ်အောင် အကွက် ကျ ကျ ကြိုးစားလုပ်ဆောင် နေတာကိုတွေ့ရပြီး မွတ်စလင်ရပ်ရွာတွေမှာ အတင်း အဓမ္မ ကင်းစောင့်ခိုင်းတာတွေမတရားဖမ်းဆီး ရိုက်နှက် ငွေညှစ်နေ တာတွေ လုပ်ဆောင်နေတယ်လို့ခိုင်သုခက ပြောပါတယ်။

စစ်တပ်က မွတ်စလင်ရပ်ရွာအနီးတွေမှာ စစ်ဆးရေးဂိတ်ဖွင့်ကာ အသွားအလာ ပိတ်ပင်တာ တွေကို တင်းကျပ်နေတဲ့အပြင် ဇူလိုင် ၁၇ ရက်နေ့စစ်တွေမြို့ အပါအဝင် မွတ်စလင်ရပ်ရွာတွေအများစုမှ ပြည်သူတွေကို အတင်းအကျပ် ကင်းစောင့်ခိုင်းတာတွေ လုပ်ဆောင် နေတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ရက္ခိုင်တပ်တော် ကိုထောက်ခံသူတွေကိုလည်း နေအိမ်တွေ ကိုဝင် ရောက် စီးနင်း လိုက်လံရှာဖွေဖမ်းဆီး တာတွေလုပ်နေပြီး ရခိုင်ပြည်တောင်ပိုင်း ဒေသတွေမှာ အများဆုံးခြိမ်းခြောက်ခံနေရကြောင်း၊ အထူးသဖြင့် မာန်အောင် ကျွန်း မှာ အဖိနှိပ်ခံရဆုံး အခြိမ်းခြောက်ခံရဆုံးဖြစ်နေတယ်လို့ ၎င်းက ဆက် ပြောပါတယ်။

စစ်ကောင်စီဟာ ညမထွက်ရအမိန့်ကို အသုံးချကာ လူအသွားအလာ မရှိတဲ့ အချိန် တွေမှာ အိမ်တွေကို ဝင်ရောက်စီးနင်းပြီး အေအေထောက်ခံသူတွေကို ဖိနှိပ်မှုတွ လုပ်ဆောင်နေတယ်လို့ ခိုင်သုခက ရှင်းလင်းပြောဆိုပါတယ်။