28 C
Yangon

ဓာတ်ဆီ 92 တစ်လီတာ ၂၃၂၀ ကျပ်မှ ၂၈၅၅ ကျပ်အထိ စျေးတက်၊ ယမန်နေ့ထက် တစ်လီတာ ၇၅ ကျပ် ပို၍စျေးမြင့်သွား

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

ပြည်တွင်းစက်သုံးဆီစျေးကွက်တွင် ဓာတ်ဆီ 92 တစ်လီတာ ၂၃၂၀ ကျပ်မှ ၂၈၅၅ ကျပ်အထိ စျေးတက်သွားပြီး ယမန်နေ့စျေးထက် တစ်လီတာ ၇၅ ကျပ် စျေးမြင့်သွားကြောင်း စစ်ကောင်စီ၏ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ငွေကျပ် ၂၃၂၀ သတ်မှတ်ထားပြီး နေရာဒေသကို လိုက်၍ စျေးနှုန်းပြောင်းလဲကာ အမြင်ဆုံးစျေးနှုန်းမှာ တစ်လီတာလျှင် ၂၈၅၅ ဖြစ်သည်။

ယမန်နေ့ ရန်ကုန်တွင် ဓာတ်ဆီ 92 တစ်လီတာ ငွေကျပ် ၂၂၄၅ ကျပ်သတ် မှတ်ခဲ့ရာ ယနေ့ စျေးနှုန်းသည် ဓာတ်ဆီ 92တစ်လီတာလျှင် ‌ွေကျပ် ၇၅ ကျပ် စျေးတက်သွားခြင်း ဖြစ်သည်။

စက်သုံးဆီ စျေးနှုန်းသတ်မှတ်သည် နေ့စဉ် စျေးတိုးမြှင့်နေသော်လည်း လိုအပ်သလောက် မရောင်းချနိုင်ဘဲ နယ်မြို့အားလုံးနီးပါတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီရရှိရန် တိုးဝှေ့ တန်းစီ ဝယ်နေရဆဲဖြစ်သည်။

“စက်သုံးဆီ တင် သင်္ဘောတွေ ဆက်တိုက် ဝင်လာနေပါတယ်။ တချို့သင်္ဘောတွေ ပင်လယ်၀ တောင် ရောက်နေပြီ။ ငွေမချေသေးလို့ သင်္ဘောက ဆီမချပေးဘူး။ ငွေချေဖို့ စကစက ကျနော်တို့ကို ဒေါ်လာက လိုသလောက် မပေးဘူး။ စက်သုံးဆီကတော့ မပြတ်ပေမယ့် ဒေါ်လာလိုသလောက်မရတာတော့ လိုသလောက် စက်သုံးဆီ မရနိုင်ဘူးဖြစ်နေတာ” ဟု စက်သုံးဆီအသိုင်းအ၀ိုင်းက ပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်က စက်သုံးဆီ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ တင်သွင်းမှုကို လျှော့ချမည်ဟု ပြောဆိုပြီးနောက် နိုင်ငံတစ်ဝန်း စက်သုံးဆီ တင်သွင်းရန် ဒေါ်လာ အလုံအလောက် စစ်ကောင်စီက ရောင်းမတော့သည့် ပြဿနာကြုံတွေ့လာရခြင်းကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းက ဆိုဲကြသည်။

ဓာတ်ပုံ- ယနေ့ ရန်ကုန် စက်သုံးဆီစျေးနှုန်း။

Photo – Facebook မှ ရယူပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article