30 C
Yangon

တမူးမြို့ပေါ်တွင် ကုန်သည် ဂေါ်ရခါးလူမျိုးတစ်ဦး၏ အိမ်ဓားပြတိုက်ခံရ ၊ သိန်း ၈၀၀ နှင့် ရွှေ ၁၀ သား ပါသွား

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ စန္ဒကူးရပ်ကွက်ရှိ ကုန်သည် ဂေါ်ရခါးလူမျိုးတစ်ဦး၏ နေအိမ် ယမန်နေ့ညပိုင်းက ဓားပြတိုက်ခံရပြီး သိန်း ၈၀၀ နှင့် ရွှေ ၁၀ ကျပ်သား ပါသွားကြောင်း ဒေသသတင်းရင်းမြစ် Central Intelligence Agency Tamuက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၃ ရက်နေ့ ည ၈နာရီကျော်အချိန် တမူးမြို့၊ စန္ဒကူးရပ်ကွက် ဝင်းဝင်းရေခဲစက်လမ်းကြားရှိဂေါ်ရခါးလူမျိုးအိမ်ကို လူ ၅ ဦးက ဓားမြှောင်များဖြင့် ဝင်ရောက်လာပြီး အိမ်ပိုင်ရှင်ကို ဓားဖြင့် ထောက်ကြောင်း၊ ၄၅ မိနစ်ခန့် တစ်အိမ်လုံးရှိ ပစ္စည်းများကို ရှာဖွော ဓားပြတိုက်ရာတွင် ငွေကျပ်သိန်း၈၀၀ခန့်နှင့်ရွှေ၁၀ကျပ်သားခန့်ပါသွားကြောင်း သိရှိရသည်။

“လူတွေကိုတော့ ဘာမှ မလုပ်သွားဘူး။ ပစ္စည်းတွေပဲ ယူသွားတာ” ဟု ဒေသသတင်းရင်းမြစ် Central Intelligence Agency Tamuက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

တမူးမြို့သည် အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်ပြီး မြို့နယ်ပတ်ဝန်းကျင်တွင် PDF များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲများ အပြန် အလှန်ဖြစ်ပွားမှုများရှိနေသည့် မြို့နယ်လည်းဖြစ်ကာ တမူးမြို့ပေါ်ကိုမူ စစ်ကောင်စီတပ်များ က အဓိက ထိန်းချုပ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ညပိုင်း ဓားပြတိုက်ခံရသော နေအိမ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article