ရန်ကုန်၊ ဩဂုတ် ၁၉
ရန်ကုန်တိုင်း၊ ရွှေပြည်သာ ၁၅ ရပ်ကွက်တွင် “ငါ့ဗိုလ်မှူး ခေါ်လိုက်ရမလား” ဟု စစ်တပ်ဖြင့် ပြည်သူကို ခြိမ်းခြောက်သူ စစ်တပ်အမာခံနှင့် သတင်းပေး ဝင်းဇော် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၇ နာရီ ကျော်ခန့်အချိန် ရွှေပြည်သာမြို့နယ် လှော်ကား နီလာဈေးအတွင်း စစ်တပ်သတင်းပေး ဝင်းဇော် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အလောင်းကို သယ်ယူသွားပြီး စစ်သားများ ရောက်ရှိလာကြောင်း ရွှေပြည်သာ သတင်းရင်းမြစ်များက ဖော်ပြသည်။
သေဆုံးသူ ဝင်းဇော်သည် “ငါ့ဗိုလ်မှုးခေါ်လိုက်ရမလား” ဟု ပြည်သူကို စစ်တပ်ဖြင့် ခြိမ်းခြောက်လေ့ရှိသည့်အပြင် ဝင်းဇော်က လဝကရုံး ရုံးပိုင်းဆိုင်ရာတွေကို ကူညီလုပ်ဆောင်သူဖြစ်ကြောင်း၊ စစ်တပ်နှင့်ပေါင်းပြီး ရပ်ကွက် ဧည့်စာရင်းစစ်ခြင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များ၏ သတင်းစုဆောင်း၍ စစ်တပ်ကို သတင်းပေးခြင်း၊ ဖမ်းဆီးခြင်းများတွင် ပါဝင်သူဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ရွေပြည်သာလှော်ကားစျေး ထဲမှာ ဒလန် ဝင်းဇော်ပစ်ခတ်ခံရပြီး သေပါတယ်။
၃ ချက်ပစ်သွားတယ်။ ပွဲချင်းပြီးပဲ။ ၇ နာရီလောက်က။ သူက ဒလန်လုပ်တယ်။
သူ့မိန်းမကထမင်းဟင်းရောင်းတယ်” ဟု ရွှေပြည်သာ ပြည်သူတစ်ဦးက ပြော သည်။
ဓာတ်ပုံ- “ငါ့ဗိုလ်မှူး ခေါ်လိုက်ရမလား” ဟု စစ်တပ်ဖြင့် ပြည်သူကို ခြိမ်း ခြောက် သူ စစ်တပ်အမာခံ နှင့် သတင်းပေး ဝင်းဇော်။
