36 C
Yangon

Khit Thit သတင်းဌာန၏  ဩဂုတ် ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့  ဩဂုတ် ၁၉ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-ရန်ကုန် ဒလမြို့နယ်၊ ရခိုင်ချောင်ကျေးရွာအနီးမှာ တော်ပီဒိုစက်ရုံနဲ့ ရေတပ်စခန်းကို မင်းအောင်လှိုင် သားဖြစ်သူ အောင်ပြည့်စုံ ရဲ့  Sky One Construction က ဆောက်လုပ်ခွင့်ရရှိပြီး စက်ရုံအဆောက်အအုံ၊ ဆိပ်ခံတံတားနဲ့ ရဟတ်ယာဉ်ကွင်းတွေ တည်ဆောက်ပြီးစီးလို့ လုပ်ငန်းအပ်နှံလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

– မကွေးတိုင်း မြိုင်မြို့နယ်နဲ့ပခုက္ကူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေနဲ့ စစ် ကြောင်းတွကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သြဂုတ်လ ၁၈ ရက်နေ့မှာ လက်နက်ကြီး၊ လက်နက်ငယ် တွေ၊ ဒရုန်းနဲ့ပါ ဗုံးသီးချကာ တပြိုင်ထဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးထက်မနည်း သေသွားတယ်လို့ မြိုင် ပကဖ တပ်ဖွဲ့တွေဆီကသိရပါတယ်။ 

– ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းနဲ့ပြည်နယ် ၅ ခုက နိုင်ငံပိုင် အဆောက်အအုံနဲ့မြေကွက် ၂၇ ခုကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ရောင်းချမယ်လို့ အကြမ်းဖက်စစ်ကောင်စီက မနေ့ကထုတ်ပြန်ပါတယ်။

– ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ တပ်မဟာ ၆ နယ်မြေမှာ မနေ့ည ၁၁ နာရီ ၃၈ မိနစ်အချိန်မှာ အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကျဲသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article