30.5 C
Yangon

နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်တဲ့ စက်ရုံက စစ်ကိုင်း ၅/ နဲ့ မကွေး ၈/ မှတ်ပုံတင်ကိုင်ဆောင်သူအလုပ်သမား ၁၀၀ ကျော်ကို မတရား ခြိမ်းခြောက်အလုပ်ဖြုတ်

Must read

ရန်ကုန် ၊ ဩဂုတ် ၁၉

နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်တဲ့တရုတ်နိုင်ငံသားပိုင် စက်ရုံက ၅ မျဉ်းစောင်း နဲ့ ၈ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူအလုပ်သမား ၁၀၀ ကျော်ကို မတရား ခြိမ်းခြောက်အလုပ်ဖြုတ်ခဲ့ကြောင်း မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် FGWN က သတင်းထုတ်ပြန်ပါတယ်။

မတရား အာဏာသိမ်းယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေအကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေ ဖြစ်တဲ့ စစ်ကိုင်း နဲ့ မကွေး တိုင်း က လာရောက် အလုပ်လုပ်ကိုင် နေတဲ့ အလုပ်သမား တွေ ကို ပစ်မှတ်ထား အလုပ်ထုတ်ပစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန် လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် မီးသတ်အဝိုင်း(မြန်မာကိုင်ဒိုလမ်းကြား)အနီးမှာရှိတဲ့
ZHEJIANG TONGLI CLOTHING (MYANMAR) CO.LTD အထည်ချုပ်စက်ရုံဟာ နာမည်ကျော် အဝတ် အထည် အမှတ်တံဆိပ် (H&M) ကို ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး ဒီစက်ရုံကနေ ၅/နဲ့ ၈/မှတ်ပုံတင် ကိုင်ဆောင်တဲ့ အလုပ်သမားတွေ ကို ခြိမ်းခြောက် ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစက်ရုံကနေ ဩတ်ဂုတ်လ ၁ရက်နေ့ ကစပြီး ဒီကနေ့ အထိ လုပ်ငန်းခွင်ထဲမှာ ၅ မျဉ်းစောင်း နဲ့ ၈ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်တဲ့ အလုပ်သမားစာရင်းကောက်ယူပြီး အလုပ်သမား ၁၀၀ ကျော်ကို အလုပ်ထုတ်လိုက်တယ်လို့ FGWN ကဆိုပါတယ်။

၅ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူ
စစ်ကိုင်းတိုင်းက လာရောက်အလုပ်လုပ်ကိုင်နေသူအမျိုးသမီး အလုပ်သမား တစ်ဦးဟာ စက်ရုံက တာဝန်ရှိသူတွေရဲ့ ခြိမ်းခြောက်ပြောဆို မှုနဲ့ ကြုံတွေ့ ခဲ့ရတာ ကြောင့် အလုပ်ဆုံးရှုံး ခဲ့ကြောင်း FGWN ရဲ့ ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။

“ကျွန်မတို့ကဘာကြောင့်ထုတ်တာလဲလို့မေးတော့ အထက်ကညွှန်ကြားလို့ နင်တို့ကိုထုတ်ရမယ်
ကိုယ့်သဘောနဲ့ ကိုယ်ထွက်ကြ။ အဲလိုမှမထွက်ရင် စစ်တပ်ကလာတဲ့အခါ နင်တို့ကိုထည့်ပေးလိုက်မယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ကျွန်မလည်း ၁ရက်နေ့မှာ လစာထုတ်ပြီး လုပ်ငန်းခွင်ကိုစွန့်ခွာခဲ့ရပါတယ်”လို့ သူမ က ပြောပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားအားလုံးကိုနစ်နာကြေးမပေးတဲ့အပြင် အလုပ်ထုတ်စာလည်းထုတ်မပေး ဘူးလို့ သိရှိရပါတယ်။

လုပ်ငန်းခွင်အတွင်း ကျန်ရှိနေတဲ့အလုပ်သမားတွေကိုလည်း ယခုလိုဒီလိုအလုပ်ထုတ်တာဟာ အထက်က ညွှန်ကြားချက်အရလို့ သတင်းလွှင့်ပြီး အလုပ်သမားတွေကိုလည်း အဲ့ဒီကိစ္စရပ်မှာ ဝင်မပါဖို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့သိရှိရပါတယ်။

အဲ့ဒီစက်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမား စုစုပေါင်း(၂၅၀၀)ကျော်ရှိနေပြီး စက်လိုင်း (၇၀)နဲ့လည်ပတ်နေတဲ့ စက်ရုံတစ်ရုံလည်းဖြစ်တယ်လို့သိရှိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article