30 C
Yangon

စစ်တပ်၏ ဒေါက်တိုင် လေတပ် အရာရှိဆိုးများ (သို့မဟုတ်) အကျင့်ပျက်ခြစားမှုများဖြင့် ကြောက်တတ်လွန်းသော ဒုဗိုလ်မှူးကြီး နေမင်းနှင့် ဗိုလ်ကြီး အောင်ကိုကိုထက်

Must read

By မိုက်ကယ် (CDM)

အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင်များတွင် လေတပ်သည် အဓိက အခန်းကဏ္ဍမှပါဝင်သည်။ စစ်ပွဲမနိုင်လျှင် လေတပ်ကို သုံး၍ ရမ်းကားသည်။ လေတပ်ကို သုံး၍ ဗိုလ်ကျ အနိုင်ကျင့်သည်။ လေတပ်ကို သုံး၍ ပြည်သူကို သတ်ဖြတ်သည်။ လေတပ်တွင် ကောင်းသူများရှိသကဲ့သို့ မကောင်းသူများကလည်း ဒုနှင့်ဒေးရှိနေကြသည်။

လေတပ်မှ အရာရှိဆိုးများက လက်ရှိနောက်ဆုံးတွင် မင်းအောင်လှိုင်စစ်တပ်၏‌ နောက်ဆုံးခံတပ်များဖြစ်သည်။ ရန်ကုန်တိုင်း မင်္ဂလာဒုံ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်တွင် အကျင့်ပျက်ခြစားမှုများ၊ ဌာနဆိုင်ရာ မမျှတမှုနှင့် ဖိနှိပ်မှုများ လုပ်ဆောင်ပြီး အပြင်ထွက်ရန် ကြောက်တတ်လွန်းသော အရာရှိဆိုး ၂ ဦးရှိနေသည်။

သူတို့နှစ်ဦးမှာ ဒုဗိုလ်မှူးကြီး နေမင်းနှင့် ဗိုလ်ကြီး အောင်ကိုကိုထက်တို့ဖြစ်ကြသည်။

လေကြောင်းလျှပ်စစ်နှင့် ချိန်ခွက်ထုတ်လုပ်ပြင်ဆင်ရေးဌာန(လလထ)မင်္ဂလာဒုံမှ ဗိုလ်ကြီး အောင်ကိုကိုထက် (ခေါ်) ကုလားကြီးသည် DSTA အပတ်စဉ် ၁၀ မှ စာမေးပွဲကျ၍ အပတ်စဉ် ၁၁ သို့ ပြောင်းရွှေ့ကာ ကျောင်းဆင်းလာခဲ့သူဖြစ်ပြီး ဗိုလ်လောင်းဘ၀ကတည်းက နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။

မကောင်းသော အလုပ်မှန်သမျှ မလုပ်ဖူးသည် မရှိသူ ဖြစ်ပြီး လလထဌာနတပ်ရေးဖြစ်သောအခါ အရူးဘုံမြောက်သကဲ့သို့ အထက်လူကြီးအကြိုက် လိုက်ပါလုပ်ဆောင်ကာ လက်အောက်ရှိ အပတ်စဉ်ကွာသော အရာရှိများနှင့် ကျောင်းဆင်းကာစ ဘာမှ မသိနားမလည်သော အရာရှိငယ်များကို ဖိနှိပ်လွန်းသူလည်းဖြစ်သည်။

သူသည် အရည်အချင်းထက် လူကြီးနှင့် ပိုင်သည် ဆိုကာ တပ်တွင်း ဖိနှိပ်မှုများဖြင့် ခြယ်လှယ်ကြိုးကိုင်နေသူဖြစ်သည်။ လက်အောက်မှ အရာရှိများနှင့် ငယ်သားများမှာလည်း သိသိကြီးနှင့် အောင့်သက်သက်ဖြင့် ခံနေရသည်။ ကုလားကြီးသည် အလွန်ကြောက်တတ်သူဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးသည်နှင့် သူ့အပေါ် ထိခိုက်နိုင်သည့် အရေးကိစ္စများအား အခြားသူများကို လွှဲချထိုးချလျက်ရှိသည်။

ဌာနခွဲမှူး ဒုတိယဗိုလ်မှူးကြီး နေမင်းနှင့် ပိုင်အောင်ပေါင်းကာ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ဖြင့် အရာရှိ၊ စစ်သည်များကိုလည်း အာဏာပြ ခြယ်လှယ်လျက်ရှိနေသည်။ ဌာနမှူး ဒုမှူးကြီး နေမင်းက လည်း ဗိုလ်ကြီးအောင်ကိုကိုထက်၏ မြောက်ထိုးပင့်ကော်၊ အတို့အထောင်စကားများအား နားထောင်ကာ သူ့အား အမှုမပတ်ရေး၊ ခေါင်းမရှုပ်ရေးအတွက် အောင်ကိုကိုထက်ကို အာဏာကုန်လွှဲအပ်ထားပေသည်။

အကျင့်ပျက်ခြစားမှုအနေဖြင့် လေတပ်ပိုင် သက်တမ်းရင့် ဘက်ထရီအဟောင်းများကို ပြင်ပတွင်ရောင်းစားကြပြီး ဒုမှူးကြီး နေမင်းနှင့် ဗိုလ်ကြီးအောင်ကိုကိုထက်တို့ ခွဲဝေယူကြသည်။ ဆရာ၊ တပည့်နှစ်ဦး အတိုင်းအဖာက်ညီညီနှင့် ဌာနတွင်းရှိ အခြားအဆင့်များရှေ့တွင်ပင် မျက်နှာပြောင်တိုက်ပြီး ရောင်းစားခဲ့ကြသည်။ ဌာနတွင်း အကျင့်ပျက်ခြစားမှု အများအပြားတွင် ဆရာ၊ တပည့်အတိုင်အဖောက်ညီညီ ပါဝင်ကြသည်။

လေကြောင်းလျှပ်စစ်နှင့်ချိန်ခွက်ဌာနတွင်းရှိ အရာခံဗိုလ်/ ဆရာကြီးများမှာလည်း အသက်အရွယ်ကြီးရင့်၍ ထိုသူတို့ ရာထူးရရှိရေး၊ အရှက်မကွဲရေးအတွက် သက်ဆိုင်သော/ မသက်ဆိုင်သော အလုပ်များကိုလည်း ခါးချိအောင် လုပ်နေကြရသည်။

အောင်ကိုကိုထက်က လေတပ်အတွင်း စကားကြီး စကားကျယ်များဖြင့် ဦးဆောင်လေ့ရှိပြီး လူပေါ်လူဇော် လုပ်ခွင့်ရသည်။ လေတပ်အတွင်း နေ့စဉ် ဟောက်စား၊ ခြောက်စား၊ ဖြတ်စားဖြင့် အောင်ကိုကိုထက်က ကျူးလွန်သည်။ သို့သော် သူတို့နှစ်ဦးစလုံးတွင် တူညီသော အချက်က ဒုဗိုလ်မှူးကြီး နေမင်း နှင့် အောင်ကိုကိုထက် အလွန်ကြောက်တတ်ခြင်းပင်ဖြစ်သည်။

တပ်ပြင်ပသို့ ထွက်လျှင်ပင် ပုန်းရှိုးကွက်ရှိုးနှင့် ထွက်နေသူဖြစ်သည်။ ကိုရီးယားနန်းတွင်းဇာတ်လမ်း ကြည့်နေရသကဲ့သို့ပင်ဖြစ်နေသည်။ ထိုသူတို့၏ အုပ်ချုပ်မှုညီညွတ်မျှတမှု မရှိခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အမြင်မှန်မရှိခြင်းတို့ကြောင့် လက်အောက်ရှိ အရာရှိ၊ စစ်သည်များ CDM လုပ်ရန်နှင့် ထွက်ပြေးရန် ကြံစည်ကြမှုများ ရှိလာနေသည်။

လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် စစ်အာဏာသိမ်းမှု၏ ဆိုးမွေကို ခံစားနေရပြီး ပြည်သူကို သတ်ဖြတ်နေရကာ အရာရှိဆိုးများကြောင့် ဖက်ဆစ်စစ်တပ် ဒေါက်တိုင်ကြီးဖြစ်နေရသည်။

ဓာတ်ပုံ- မင်္ဂလာဒုံ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် မြင်ကွင်း။

(ဆောင်းပါးရှင် မိုက်ကယ်သည် လေတပ်မှ CDM အရာရှိတစ်ဦးဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article