30 C
Yangon

အကြမ်းဖက် စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက လျှို့ဝှက်စာများ ပေါက်ကြားလျှင် ထောင်ချမည်ဟုခြိမ်းခြောက်၊ လျှို့ဝှက်စာများကို လူမှုကွန် ရက် တင်မည် ဆိုလျှင် စာအမှတ်၊ လုံခြုံရေးကုတ်နံပါတ်များ ဖျက်ပြီးမှ တင်ရန် ဌာနဆိုင်ရာ ဖရဲသီးများက အသိပေး

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက လျှို့ဝှက်စာများ ထပ်မံ မပေါက် ကြားရေး အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာများကို ယမန်နေ့က ခေါ်ယူသတိပေးလိုက်ပြီး လျှို့ဝှက်စာ ပေါက်ကြားလျှင် ဌာနတစ်ခုလုံးကို အရေးယူ မည်ဟု ပြောဆိုကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ လျှို့ဝှက် ရုံးစာများ ပေါက်ကြားနေသဖြင့် လက်ရှိတွင် ဝန်ထမ်း ၁၀၀ ခန့်ကို စုံစမ်း မေးမြန်းမှုများရှိနေပြီး ရုံးစာများ မပေါက်ကြားရန် အောင်လင်းဒွေး က ဌာနဆိုင်ရာ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ချုပ်များကို ခေါ်ယူ သတိပေးကြောင်း၊ စာများပေါက်ကြားလျှင် ရုံးစာအတွက် တာဝန်ရှိသည့် ဌာနဆိုင်ရာ ညွှန်ချုပ်၊ အမှုတွဲကိုင် ၊ညွှန်မှူးနဲ့အဖွဲ့ကို စစ်ဆေးမည်ဖြစ်ကြောင်း၊ မရလျှင် စရဖ၏ စစ်ကြောရေးပို့ကာ စစ်ဆေးမည်ဖြစ်ကြောင်း ၊ ထောင်ချအရေးယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်သည်။

” မူရင်းရုံးစာတွေကို တတ်နိုင်သမျှ မတင်နဲ့။ တကယ်လို့ တင်မယ်ဆိုရင်သတိ ထားရမယ့်ဟာလေးတွေ ပြောမယ်။ အဲဒါက လုံခြုံရေး ကုတ်နံပါတ်။ ဥပမာ- မကွေးတိုင်းရဲ့ ကုတ်နံပါတ်က 18 ။ ရုံးစာတွေရဲ့ အပေါ်မှာ 18 ဆိုတဲ့ ဂဏန်းလေးတွေကို စာအတွင်းထဲမှာနဲ့ နေရာတိုင်း သေးသေးလေးတွေ လိုက်ထည့်ထားတတ်တယ်။ ရုံးစာထဲမှာ 18 ဆိုတာလေးတွေပါရင် အဲဒီစာက နေပြည် တော် ကနေ မကွေးတိုင်းကို ညွှန်ကြားတာ။ ကိုယ်က မသိလို့ မူရင်းစာတင်တဲ့အခါ စာမှာ 18 ဆိုတဲ့ဟာပါသွားရင် သူတို့က ဒါ မကွေးတိုင်းက ပေါက်တာဆိုပြီး ချက်ချင်းသိတယ်။ အဲဒီ တော့ မူရင်းစာတင်ချင်ရင် အဲဒီလိုတိုင်း/ပြည်နယ် ကုတ်ဂဏန်း တွေကို ရှာ ဖျက်ပါ။ ရုံးအမိန့်စာ လက်မှတ်တွေမှာလည်း ကုတ်တွေ ပါတယ်။ လက်မှတ်တွေကို ဖျက်ပါ။ ပြီးတော့ ရုံးစာအမှတ်၊ စည်းတံဆိပ်ထဲမှာလည်း ကုတ်နံပါတ်တွေပါတယ်။ မူရင်းအတိုင်း တင်ချင်ရင် လက်မှတ်တွေ၊ ရုံးစာအမှတ်၊ လုံခြုံရေးကုတ် နံပါတ် မှန်သမျှ အကုန်ရှာပြီး ဖျက်ပြီးတင်ပါ။ ရုံးစည်းတံဆိပ်တွေကိုလည်းသေချာစစ်။ မူရင်းအတိုင်းမတင်ရင်တော့ အကောင်းဆုံးပေါ့” ဟု ရန်ကုန်ခေတ်သစ်၏ နေပြည်တော် စစ်ကောင်စီရုံးမှ သတင်းရင်းမြစ်က အသိပေးပြောဆိုသည်။

စစ်ကောင်စီက မကွေးတိုင်းအတွင်းရေးမှူး ဒုညွှန်ချုပ် ဝင်းရှိန်ကို ခေတ်သစ်ကို သတင်းပေးပို့သည်ဟုစွပ်စွဲကာ ယခုနှစ် မေလတွင်လည်းကောင်း ဖမ်းဆီးအရေးယူခဲ့ပြီး ခေတ်သစ်နှင့်သက်ဆိုင်ခြင်းမရှိသော အခြားသော ဌာနဆိုင်ရာ အရာရှိများနှင့်စစ်တပ်မှ အရာရှိများကို ရမ်းသမ်းဖမ်းဆီး အရေးယူမှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်လျက်ရှိ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article