30.5 C
Yangon

အာရှလမ်းမကြီး၊ မြ၀တီ-ကော့ကရိတ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းနှင့်ဂိတ်များ ကို ဝင်တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းနှင့်ဂိတ်များ ကို ကျားသစ်နက်စစ်ကြောင်းက ဝင်တိုက်ရောက်တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံးကြောင်း ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၁၈ ရက်နေ့ နံနက်၅နာရီ၄၀အချိန်တွင် KNU/KNLA နှင့် ကျားသစ်နက်စစ်ကြောင်းက မြ၀တီ- ကော့ကရိတ် လမ်းပိုင်းရှင် စစ်ကောင်စီတပ်၏ ကွမ်းခြံကုန်း၊ ရစ်ကေထူး၊ AKဂိတ် အပေါ် ကျွန်းပင်ကုန်းစခန်း ၃၅၅တပ်ရင်းစခန်းများကို ကျားသစ်နက်စစ်ကြောင်းနှင့်ပူပေါင်းအဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုသည် ၁ နာရီ ၄၀ မိနစ်ကြာမြင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းဖြစ်သော ရစ်ကေထူးစခန်းမှ ၂ ပွင့် ဗိုလ် ၁ဦး၊တပ်ကြပ် ၁ ဦး၊ အခြားအဆင့် ၃ ဦး စုစုပေါင်း ၅ ဦးသေဆုံးကြောင်း၊ ၃၅၅ တပ်ရင်းစခန်းမှ ၁ ဦးသေဆုံးကြောင်း၊ စစ်သား ၆ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ကျားသစ်နက်စစ်ကြောင်းမှတပ်ခွဲမှ တပ်ခွဲ၅ ၏ ဒုခွဲမှူးရဲဘော်နေကြီး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

လတ်တလောတွင် အကြမ်းဖက်စစ်ကောင်စီက မြ၀တီ-ကော့ကရိတ်လမ်းပိုင်းတွင် စစ်အင်အားတိုးချဲ့နေကြောင်း၊ ကော့ကရိတ်မြို့ကိုလည်း ပိတ်ဆို့ထားပြီး ယမန်နေ့ညပိုင်း တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများကို လုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကျားသစ်နက်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article