35 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၉ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – အကြမ်းဖက် စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက လျှို့ဝှက်စာတွေ ပေါက်ကြားရင် ဖမ်းဆီး ထောင်ချမယ်လို့ ခြိမ်းခြောက်လိုက်တဲ့အကြောင်း ထပ်မံပေါက်ကြားလာပါတယ်။ – ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်လမ်းပိုင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းနဲ့ ဂိတ်တွေ ကို ဩဂုတ်လ ၁၈ ရက်နေ့က ကျားသစ်နက် စစ်ကြောင်းကနေ ဝင်တိုက်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက် ဗိုလ် ၁ ဦး အပါအဝင် ၆ ဦးသေသွားသလို ၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။ -စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ်အစပ်က ကသာမြို့မှာ ဩဂုတ်လ ၁၈ ရက်နေ့ မနက် ၉ နာရီခွဲ လောက်က ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ သင်္ဘော ၆ စီးကိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ – လက်နက်ပွဲစား ကုမ္ပဏီဖြစ်တဲ့ Creative Exploration ကုမ္ပဏီဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ မြန်မာ ပြည်သူတွေ အပေါ် တိုက်ခိုက်မှုတွေမှာ ကြံရာပါ ပါဝင်တဲ့အတွက် ပစ်မှတ်ထား အရေးယူပိတ်ဆို့ဖို့ လိုအပ်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article