25 C
Yangon

ရန်ကုန်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ “ညီညွှတ်မှုကို အရင်းတည် လွတ်မြောက်မှုဆီ အရောက်ချီ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ သြဂုတ် ၁၉

ရန်ကုန်မြို့ လူစည်ကားရာ နေရာတစ်ခုတွင် တော်လှန် ကျောင်းသား လူငယ်တစ်စုမှ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် “ညီညွှတ်မှုကို အရင်းတည် လွတ်မြောက်မှုဆီအရောက်ချီ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

” ငါတို့တွေ ညီညွှတ်နေသမျှ ကာလပတ်လုံး မင်းတို့ ဖြိုခွဲလို့မရဘူး” ၊ “ငါတို့ရဲ့ တော်လှန်သွေးတွေ ဆူပွက်နေသမျှ ကာလပတ်လုံး မင်းတို့ကြောက်စိတ်တွေ တုန်နေစေရမယ်” ၊ “ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲသလည်းဟေ့” ဟူသော မိန့်ခွန်စကားများ ပြည်သူလူထုအားနှင့်အတူ ဟစ်ကြွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ချီတက် ဆန္ဒပြပွဲကိ ပညာနန်းတော်ကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ မှ ဦးဆောင်ကာ မဟာမိတ်မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် ရေဘဝဲ (ပြည်သူ့အကျိုးပြုအဖွဲ့အစည်း)၊ ဗမာ့လူငယ်ကွန်ရက်၊ အခြေခံပညာကျောင်းသားလူငယ်များ(အကလ-ဗဟို)၊ အခြေခံပညာ ကျောင်းသားများ ရေးရာအဖွဲ့ချုပ်(အ.က.ရ – ဗဟိုဌာနချုပ်)၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ Labour Alliance အဖွဲ့ဝင် CTUM၊ Owl Community၊ LGBT Community Yangon၊ Yangon Democrative Youth Strike(YDYS)၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုတို့မှ ပူးပေါင်းပါဝင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Photo – AAMIJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article