ရန်ကုန်၊ သြဂုတ် ၁၉
မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် “UN၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကဆိုင်ရာ ပုဂ္ဂိုလ်များအနေနဲ့ စစ်ကောင်စီကို လူရာသွင်း၍ ဖြောင်းဖျ စည်းရုံးနေမည့်အစား ပြင်းထန်ထိရောက်သည့် ပိတ်ဆို့ ဒဏ်ခတ် အရေးမှုများဖြင့် ဖိအားပေးပါ” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။