36 C
Yangon

အကြမ်းဖက်စစ်တပ်ကိုစွန့်ခွာကာ တပ်သား ၂ ဦး သေနတ် ၃ လက်၊ ကျည်ဆံများနှင့် KNDO ထံ အလင်းဝင်

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကာ တပ်သား ၂ ဦးသည် သေနတ် ၃ လက်၊ ကျည်ဆံများနှင့်တကွ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO ထံ ဇူလိုင်လအတွင်းက CDM ပြုလုပ်အလင်းဝင်လာကြောင်း သတင်းရရှိသည်။

အဆိုပါ တပ်သား ၂ ဦးမှာ မြဝတီ-ဝေါလေ ဒေသတလျှောက်ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်တပ်၏ စအရ ၉၀၄ (အင်ဂျင်နီယာတပ်) မှ တပ်သား အောင်အောင်နှင့် ခလရ ၂၇၅ မှ တပ်သား အာကာမင်းတို့ ဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့နှစ်ဦးသည် MA-1 ၂ လက်၊ MA-3 ၁ လက်၊ ကျည်ဆံအမြောက်အများနှင့် CDM ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က သတင်းထုတ်ပြန်သည်။

“စစ်တပ်ရဲ့ လုပ်ရပ်တွေကို မကြိုက်တာကြာခဲ့ပါပြီ။ စစ်တပ်အကြီးအကဲတွေဟာ သူတို့ အာဏာ အကျိုးစီးပွားအတွက် ကျွန်တော်တို့ကို အသုံးချ ချနင်းနေတယ်။ ပြည်သူတွေကို သတ်ဖြတ်တယ်၊ ကျေးရွာတွေကို မီးရှို့တယ် ဆိုကတည်းက စစ်သားယူနီဖောင်းဝတ်ထားတဲ့ မိမိကိုယ်မိမိ လိပ်ပြာမလုံခဲ့ပါဘူး။ အကြိမ်ကြိမ် CDM လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မိသားစုတွေအတွက် စိုးရိမ်ပူနေရတာတွေ၊ အခွင့်အရေးမသာခဲ့တာတွေ၊ ဘယ်လိုချိတ်ဆက်ဆောင်ရွက်ရမယ်ဆိုတာကို မသိတာတွေကြောင့် CDM လုပ်ဖို့ နှောင့်နေးခဲ့ရပါတယ်။ အခုလည်း မိသားစုကို စွန့်ပစ်ပြီး ဒီတော်လှန်ရေးကို ပြီးမြောက်အောင် ပြည်သူဘက်က ဝိုင်းဝန်းပူးပေါင်း ရပ်တည်မယ်လို့ စိတ်ပိုင်းဖြတ်မှုနဲ့ CDM လုပ်ခဲ့တာပါ” ဟု အဆိုပါ တပ်သားများက ပြောဆိုကြောင်း ပြည်သူ့ပန်းတိုင်က ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်သည် တပ်တွင်း၌ တပ်သားများ CDM မပြုလုပ်ရဲအောင် သတင်းအမှား ဖြန့်ဝေခြင်းများ၊ ခြိမ်းခြောက်ခြင်းများ ရှိနေကြောင်း သိရှိရသည်။

CDM တပ်သား ၂ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဂုဏ်ပြုငွေ ချီးမြှင့်ပေးကြောင်း ပြည်သူ့ပန်းတိုင် က သတင်းဖော်ပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article