ရန်ကုန်၊ သြဂုတ် ၂၁
မြန်မာတစ်နိုင်ငံလုံးရှိ သံဃာတော်များနှင့် ဖွဲ့စည်းထားသော စစ်အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် ” အတူတွဲလုပ်နေမှ ရဲဘော်ရဲဘက်မဟုတ်ဘူး
ပန်းတိုင် တူလမ်းလျှောက်နေရင် ရဲဘော်ရဲဘက်ပါပဲ” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုကို ထပ်မံ ဖွဲ့စည်းရခြင်းသည် မြန်မာတစ်နိုင်ငံလုံးရှိ အကြမ်းဖက် စစ်တပ်၏ ပြည်သူ လူထုအပေါ် မတရား ဖိနှိပ် သတ်ဖြတ်မှုများကို လက်သင့်မခံသော သံဃာတော်များ သပိတ်အင်အားစုတွင် ပိုမိုပါဝင်လာနိုင်ရန် ထပ်မံဖွဲ့စည်းခြင်း ဖြစ်ကြောင်း ဦးဆောင် ဆရာတော် တစ်ပါးမှ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။