ရန်ကုန်၊ ဩဂုတ် ၃၁
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု မလုပ်ဘဲ မြေပြင်မှ လာခဲ့ရန် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ စိန်ခေါ်လိုက်သည်။
‘ဝေဟင်မပါပဲ ခြေလျင်လာခဲ့၊ မြေပြင်မှာ ကြောက်တာလား’ စာသားကို တန့်ဆည်မြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းတွင် ဩဂုတ်လ ၃၁ ရက် ယနေ့နံနက်အစောပိုင်း၌ ချိတ်ဆွဲကာ အကြမ်းဖက်စစ်တပ်ကို စိန်ခေါ်လိုက်သည်။