30 C
Yangon

ဖရူဆိုနှင့် ရှားတောတွင် အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်နှင့် ရှားတောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား စက်တင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ကရင်နီသတင်းရင်းမြစ်များထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရှားတောမြို့နယ်၊ ပွန်ချောင်းအနီး စခန်းချကာ ကျူးကျော်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီတပ်မတော် KA နှင့် KNDF တပ်ရင်း ၁၇ တို့က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၇ က သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KNDF တပ်ရင်း ၁၅၊ တပ်ရင်း ၄ ကြား စက်တင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သတင်းရရှိသည်။

တိုက်ပွဲသည် ၂ နာရီနီးပါး ကြာမြင့်ခဲ့ပြီး အပြန်အလှန် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သိရှိရသည်။

ကရင်နီပြည်နယ် နေရာအနှံ့တွင် အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားနေပြီး မိုးဗြဲမြို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ ရက်ကျော် ကြာမြင့်လာပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၅၀ ဝန်းကျင်ခန့် သေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ကျဆုံးထိခိုက်မှုအချို့ရှိခဲ့သည်။

ဓါတ်ပုံ – KNDF တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article