30 C
Yangon

ပြည်သူကို ဗုံးကျဲ သတ်ဖြတ်နေသည့် တိုက်လေယာဉ် နှင့် ရဟတ်ယာဉ်များကို ပြုပြင်ပေးခြင်းဖြင့် စစ်ရာဇဝတ်မှု တရားခံ ရုရှားပြန် ဗိုလ်ကြီး မင်းမော်ဟန်

Must read

By မိုက်ကယ် (CDM)

အကြမ်းဖက် မင်းအောင်လှိုင် ခေါင်းဆောင်သော ဖက်ဆစ်စစ်တပ်က ကျူးလွန်နေသည့် စစ်ရာဇ ဝတ်မှုများ နှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို သွယ်၀ိုက် ပါဝင်ပတ်သက် ကျူးလွန်နေသူများတွင် ရုရှားပြန် ဗိုလ်ကြီး မင်းမော်ဟန်လည်း ပါဝင်သည်။

ဗိုလ်ကြီးမင်းမော်ဟန်သည် DSTA အမှတ် ၉ သင်တန်းဆင်းပြီး ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့ကာ DSTA တွင်ပင် ဗိုလ်လောင်းနည်းပြ အဖြစ် ပြန်လည် ရောက်ရှိခဲ့သူဖြစ်သည်။ စစ်ကောင်စီ၏ အဓိက ထောက်တိုင်အဖြစ် နှစ်ပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ခဲ့သူဆိုလျှင်လည်း မမှားနိုင်ပေ။

ထို့နောက် လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်(မင်္ဂလာဒုံ) သို့ ပြန်လည်ရောက်ရှိကာ အမောင်းသင်လေယာဉ် ထုတ်လုပ်ရေး၊ ကျေးရွာများနှင့်ပြည်သူများကို ဗုံးကျဲတိုက်ခိုက်နေသော တိုက်လေယာဉ်များ ပြုပြင်၊ ပြင်ဆင်မှုများတွင် အဓိက အားသွန်ခွန်စိုက် တက်ကြွစွာ ဦးဆောင်ပါဝင်နေသူလည်းဖြစ်သည်။

တိုင်းရင်းသားနယ်မြေများမှ အပြစ်မဲ့ပြည်သူများ၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းမှ ပြည်သူများကို ဗုံးကျဲ တိုက်ခိုက်နေသော စစ်တိုက်လေယာဉ်များကို အဓိက အမာခံ ပြင်ဆင်နေရသူမှာ ဗိုလ်ကြီးမင်းမော် ဟန်ပင်ဖြစ်သည်။

အထူးသဖြင့် ကရင်နီပြည်နယ်၊ နန်းမယ်ခုံ၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ကရင်ပြည်နယ်မှ လေးကေ့ကော်၊ ဥကထရစ်၊ သုံးထပ်ကွေ့ ကဲ့သို့သော နေရာများကို ဗုံးကျဲချသည့် စစ်တိုက်လေယာဉ်များသည် ဗိုလ် ကြီး မင်းမော်ဟန်၏ ပြုပြင် ထိန်းသိမ်း ပေးမှုများဖြင့် တိုက်ပွဲဝင်နေနိုင်ခြင်းဖြစ်သည်။

ပြည်သူကို သတ်ဖြတ်နေသည့် စစ်တိုက်လေယာဉ်များကို စွမ်းစွမ်းတမံ ပြုပြင် ထိန်းသိမ်းဆောင်ရွက် ပေးသည့်အတွက် အကြမ်းဖက်မင်းအောင်လှိုင်က ချီးမြှင့်သော နည်းပညာဂုဏ်ထူးဆောင်ဆုရရှိသူလည်း ဖြစ်သည်။

DSTA (ပြင်ဦးလွင်) မှ မင်္ဂလာဒုံ လေယာဉ်ထုတ်လုပ်ရေး ပြင်ဆင်ရေးဌာနချုပ်သို့ ပြောင်းရွှေ့ရောက်ရှိသည်မှာ ၂ နှစ်ကျော်သာ ရှိသေးသော်လည်း လေတပ်၏ ဗိုလ်မှူးအဆင့် ရာထူးတိုးမြှင့်ခံရမည့် သူများ စာရင်းတွင် သူက ထိပ်ဆုံး နံပါတ် ၁ ဖြစ်နေသည်။

ဗိုလ်ကြီးမင်းမော်ဟန်သည် လက်ရှိ ဂျာမနီထုတ် Grob အမောင်းသင် လေယာဉ် အင်ဂျင်အပျက်များကို တရုတ်နိုင်ငံထုတ် Pt-6 လေယာဉ်အဟောင်းများတွင် ပြန်လည် တပ်ဆင်မှုကို တီထွင် လုပ်ဆောင် နေသည်။ ထိုသို့ သုတေသနလည်းမရှိ မည်သည့်နိုင်ငံမှ မပြုလု်ပသော မအပ်စပ်သော လက်တန်း လေယာဉ်များကို ပြင်ဆင် ထုတ်လုပ်ရန် ကြိုးပမ်းမှုသည် အာမခံချက် မရှိသော လေတပ်၏ အရူးထသော လုပ်ရပ်ဖြစ်သည်။

ယင်းကဲ့သို့ လေယာဉ်အင်ဂျင်အပျက်များကို ပြုပြင်၍ အခြားလေယာဉ်ကိုယ်ထည်တွင် တပ်ဆင် အသုံးပြုရန် ကြိုးပမ်းခြင်းသည် သူ၏ ရာထူးနှင့်နေရာကောင်းရရှိရေး အတွက် ပေါက်ကရ လုပ် ဆောင်သည့် လုပ်ရပ်လည်းဖြစ်သည်။ သူ၏ ရူးနှမ်းသော လုပ်ရပ်အတွက် အောက်အဆင့်ရှိ စစ်သည်များကို ဖိအားပေး ခိုင်းစေသည်။

လေတပ်သားအများစုသည် လေယာဉ်ဆီများများ ခိုးရသော MIG-29 -အမှတ် ၆၃ အုပ်၊ F-7 -အမှတ် ၁၁ အုပ်၊ Yak -130 -အုပ်/တံတားဦး၊ မှော်ဘီ၊ စသည့် တိုက်လေယာဉ် အုပ်များတွင် သာ တာဝန်ထမ်းဆောင်လိုကြသည်။ မည်သူကမှ လေယာဉ်အဟောင်းများကို ပြန်လည် ပြုပြင် ထုတ်လုပ်ရန် မလုပ်လိုကြပေ။ သို့သော် ဗိုလ်ကြီးမင်းမော်ဟန်က ဖိအားပေးခိုင်းစေနေသည်။

ဗိုလ်ကြီးမင်းမော်ဟန်သည် စစ်တပ်၏ ဒေါက်တိုင်ဖြစ်ရုံမျှမက မဖြစ်နိုင်သော မိုက်ရူးရဲဆန်သော ရူးနှမ်းနှမ်းဆန်သော အလုပ်များဖြင့် စစ်တပ်တည်မြဲရေး ထောက်ကူနေသူဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article