ရန်ကုန်၊ စက်တင်ဘာ ၁
စစ်အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် “စနစ်ဆိုးကို ဖြိုဖျက်တယ်ဆိုတာ စနစ်ကောင်းကို တည်ဆောက်ခြင်းပဲ စနစ်ကောင်းတခု တည်ဆောက်ဖို့စနစ်ဆိုးကို ဖြိုဖျက်စို့” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။