34 C
Yangon

မြိုင်၊ ညောင်ပင်ဇောက် ရွာသား ဦးခိုင်ဝင်းကို စစ်တပ်က နှိပ်စက် သတ်ဖြတ်ပြီး ရုပ်အလောင်းကို မြေမြုပ်ခဲ့၊ ရွာထဲရှိ နေအိမ် ၂ လုံးကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

မကွေးတိုင်း မြိုင်မြို့နယ် ညောင်ပင်ဇောက်ရွာသား ဦးခိုင်ဝင်းကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၉ ရက်နေ့တွင် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ပြီး ရုပ်အလောင်းကို ညောင်ပင်ဇောက် ရွာအနီးအနား၌ မြေမြုပ်ထားခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၉ ရက်နေ့တွင် ဖမ်းဆီး ခေါ်ဆောင်သွားပြီး နှိပ်စက် သတ်ဖြတ်ခဲ့သော ညောင်ပင်ဇောက်ရွာသား အသက် ၃၇ နှစ်အရွယ် ဦးခိုင်ဝင်း၏ ရုပ်အလောင်း၌ မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ထားခြင်း၊ ပေါင်၊ ခြေသလုံးတို့တွင် ထိုးသွင်းဒဏ်ရာများတွေ့ရပြီး ခန္ဓာကိုယ်အနှံ့၌ နှိပ်စက်ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရကာ ရုပ်အလောင်းကို ဂျုတ်ကုန်းကျေးရွာအနီး ညောင်ပင်ကွေ့ဇရပ် အရှေ့ဘက် ကိုက် ၂၀၀ အကွာတွင် မြုပ်နှံထားခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက ရွာထဲကို ၂၉ ရက်နေ့က ဝင်ပါတယ်။နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးပြီး ဘုန်ကြီးကျောင်းလည်းဝင်မွှေသွားတယ်။ စစ်ခွေးတွေ ရွာထဲကို ဝင်လာတော့ ပြည်သူ ၁ ဦးလည်း သေနတ်နဲ့ ပစ်ခံရတယ်။ သူကတော့ ဆေးကုသမှုခံယူနေတယ်” ဟု နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် နှိပ်စက် သတ်ဖြတ်သွားသော ဦးခိုင်ဝင်းသည် လေဖြတ်နေသော ဖခင်နှင့် နားမကြားသည့် တို့ကို မိခင်တို့ကို လုပ်ကိုင် ကျွေးမွေးပြုစုစောင့်ရှောက်နေသော ပြည်သူ တစ်ဦးဖြစ်ပြီး စစ်တပ် မီးရှို့ဖျက်ဆီးသောကြောင့် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၂ လုံးလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article