34 C
Yangon

အလုံမြို့နယ်တွင် ယမန်နေ့ညပိုင်း လူငယ် ၃ ဦးထက်မနည်းကို စစ်တပ်နှင့်ရဲက ပစ်ခတ်ဖမ်းဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် ဩဂုတ်လ ၃၁ ရက်နေ့ ညပိုင်း လူငယ် ၃ ဦးထက်မနည်းကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်တွင် အလုံဆင်မင်းစျေးနှင့်ငုဝါလမ်းကို စစ်တပ်နှင့်ရဲက ဝင်ရောက်စီးနင်းပြီး လူငယ် ၃ ဦးထက်မနည်း အဖမ်းခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အလုံ ဆင်မင်းဈေးနဲ့ ငုဝါလမ်းမှာ ခုနက ၁၁နာရီလောက်က စခတွေ ပစ် နေ တယ်။ ဆင်မင်းဈေးလမ်းနဲ့ ငုဝါလမ်းထောင့်က တိုက်ကိုပစ်တာ ၅လွှာ၊ ၆လွှာ ကို ပစ်တာ ဝင်ဖမ်းနေတာ။ တဖြောင်းဖြောင်းနဲ့ ၈-၉ချက် လောက် ရှိတယ်။ လူငယ် ၃ ဦး နောက်ဖေးလမ်းကြားမှာ ဖမ်းဆီးခံလိုက်ရတာ။ ဘာကြောင့် အဖမ်းခံရမှန်းမသိပေမယ့် အဆက်အစပ်ရှိရင် ရှောင်ဖို့ပါ” ဟု အလုံမြို့နယ်မှ ဒေသခံ တစ် ဦးက ပြော သည်။

အခြားအလုံမြို့နယ် ဒေသခံတစ်ဦးကမူ အလုံရဲစခန်းကို ယမန်နေ့ ညပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယင်းပစ်ခတ်မှုကြောင့် လူငယ်များကို ရမ်းသမ်းဖမ်းဆီးခြင်းဟုဆိုသည်။

“မနေ့ညက အလုံရဲစခန်းကို သေနတ်နဲ့ပြစ်သွားတာ ၃ ယောက်အဖမ်းခံရတယ်။ ချောင်ပိတ်သွားလို့ အဖမ်းခံရတာလို့ပြောတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် အလုံမြို့နယ်ရဲစခန်းကို ဖြစ်စဉ်အသေးစိတ်သိရှိနိုင်ရန် ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရရှိပေ။

ဓာတ်ပုံ- ယမန်နေ့ညပိုင်း အလုံ ဆင်မင်းဈေးနှင့် ငုဝါလမ်းကို ဝင်စီးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article