ရန်ကုန်၊ စက်တင်ဘာ ၉
လက်ပံတောင်းတောင်မှ ကြေးများသယ်ယူမည့်ကားများကို အကြမ်းဖက်စစ်ကောင်စီမှ လုံခြုံရေးယူထား၍ နယ်မြေမအေးချမ်းသည့်ကြားက ယင်းမာပင် ဆားလင်းကြီးက ရွာပေါင်းစုံသပိတ်ဟာ (၅၄၇) ရက်မြောက်နေ့အဖြစ် “ဦးကျော်မိုးထွန်းသည် ပြည်သူများ၏ သံအမတ်ဖြစ်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် NUG ကို တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုပေးရန်၊ ဦးကျော်မိုးထွန်းကိုလည်း သံအမတ်အဖြစ်ဆက်လက်ခန့်ထားရန်နှင့် စစ်ကောင်စီအား အသိအမှတ်မပြုရန် တောင်းဆိုချီတက်ဆန္ဒပြခဲ့ကြသည်။