38 C
Yangon

အကြမ်းဖက် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် မိုးဗြဲရှိ ပြည်သူပိုင် နေအိမ် အလုံး ၁၀၀ ထက်မနည်း လက်နက်ကြီးထိမှန် ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်-ကရင်နီပြည်နယ်အစပ် မိုးဗြဲတွင် စက်တင်ဘာလ ၈ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယမန်နေ့ ၄ ရက်မြောက်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူ ပိုင် နေအိမ်အလုံး ၄၀ ထက်မနည်း လက်နက်ကြီးထိမှန်ပျက်စီးသွားကြောင်း၊ တိုက်ပွဲကာလ တစ်လျှောက်လုံးနေအိမ် ၁၀၀ ထက်မနည်း ပျက်စီးခဲ့ပြီဖြစ်ကြောင်း PKPF၊ Kayan Generation Youth အပါအဝင်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ တစ်ရက်အတွင်း မိုးဗြဲတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပွဲကုန်း (၁) (၂) (၃) ရပ်ကွက် များရှိ နေအိမ်အလုံး ၄၀ ထက်မနည်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့ကြောင်း၊ ၄ ရက်အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် နေအိမ် အလုံး ၁၀၀ ထက်မနည်းပျက်စီးနေပြီဖြစ်‌ေ‌ြ့ာင်း၊
ယနေ့ ၅ ရက်မြောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားမည့် အခြေအနေ ရှိနေပြီး စစ်ကောင်စီတပ်များက ဘုရားကျောင်းတွင် တပ်စွဲနေ၍ ပြည်သူများ အသွားအလာမပြုလုပ်ကြရန် ဒေသသတင်းရင်းမြစ်များက သတင်းဖော်ပြကြသည်။

စက်တင်ဘာလ ၈ ရက်နေ့ မှ စက်တင်ဘာလ ၁၁ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ စစ်သား ၈၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပြီး လက်နက်ခဲယမ်းအမြောက်အမြားကို ဒေသပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းရရှိထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- မိုးဗြဲတွင် ယမန်နေ့ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ပြည်သူပိုင်နေအိမ်များ။

Photo- PKPF၊ Kayan Generation Youth

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article