28 C
Yangon

ဂန့်ဂေါတွင် PDF တော်လှန်ရေးရဲဘော်များအဖြစ် တာဝန်ထမ်းဆောင်နေသေ CDM စစ်သားနှင့်ရဲ ၁၇ ဦးကို ကာကွယ် ရေးဝန်ကြီးဌာန ဂုဏ်ပြု

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

မကွေးတိုင်း၊ ဂန့်ဂေါတွင် PDF တော်လှန်ရေးရဲဘော်များအဖြစ် တာဝန်ထမ်းဆောင်နေသော CDM စစ်သားနှင့်ရဲ ၁၇ ဦးကို ကာကွယ်ရေးဝန်ကြီးဌာန ဂုဏ်ပြုပွဲ ပြုလုပ်ကြောင်း NUG က သတင်းထုတ်ပြန်သည်။

ပြည်သူ့ခုခံတွန်းလှန်စစ် (၁) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဂန့်ဂေါခရိုင် အ မှတ် (၃) တပ်ရင်းနှင့် အမှတ် (၅) တပ်ရင်းတို့တွင် CDM ဝင်ရောက်လာပြီး PDF ရဲဘော်များအဖြစ် တာဝန်ထမ်းဆောင်နေကြသော CDM စစ်သား၊ ရဲသား (၁၇) ဦးအား ဂုဏ်ပြုပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

CDM ရဲဘော်များသည် ဂန့်ဂေါခရိုင် အမှတ် (၃) နှင့် အမှတ် (၅) တပ်ရင်းများတွင် တစ်နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ပြီး အဆိုပါအခမ်းအနားသို့ တိုင်း၊ ခရိုင် တာဝန်ရှိသူများ၊ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများ၊ ပကဖ၊ ပအဖ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အမှာစကား ပြောကြားခြင်း၊ CDM ရဲဘော်များမှ ၎င်းတို့ CDM ပြုလုပ်စဉ်ပါလာသည့် လက်နက်များအားအပ်နှံခြင်း၊ CDM ရဲဘော်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article