30 C
Yangon

ဝက်လက်မြို့နယ်၊ ဖွံ့လှိုင်းကျေးရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်စီး နင်းစဉ် နေပြည် တော် စစ်ထောက်ချုပ်ရုံးမှ ဗိုလ်ကြီး ကျော်မင်းခိုင် ၏ မိသားစုဝင် တချို့ ကျည်ထိမှန် ဒဏ်ရာရပြီး ထွက်ပြေးရ ၊ ရွာလည်းမီးရှို့ခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဖွံ့လှိုင်းကျေးရွာကို စက်တင်ဘာလ ၉ ရက်နေ့ စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ် ခတ်ပြီး ကျေးရွာကို ဝင်ရောက်စီးနင်းစဉ် နေပြည်တော်စစ်ထောက်ချုပ်ရုံးမှ ဗိုလ်ကြီးကျော်မင်းခိုင်၏ မိသားစုဝင် တ ချို့ပါ ကျည်ထိမှန်ဒဏ်ရာရရှိပြီး ထွက်ပြေးရကြောင်း ဒေသခံများထံမှ သိရှိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ ဖွံ့လှိုင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းကြောင်း၊ စစ်တပ်၏ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ် ကြီးကျော်မင်းခိုင်၏ ဦးလေးဖြစ်သူ အသက် ၆၀ အရွယ် ဦးမြင့်မှာ ပေါင်တွင် ကျည်ထိမှန်ကြောင်း၊ ဗိုလ်ကြီးကျော်မင်း ခိုင်၏ မိဘများနှင့်ဆွေမျိုးများမှာလည်း စစ်တပ်ဝင်လာသဖြင့် ထွက်ပြေးရကြောင်း သိရှိရသည်။

“ဦးမြင့် အသက်၆၀ ကျော်ရှိပြီ။ ဗိုလ်ကြီးကျော်မင်းခိုင်ရဲ့ ဦးလေးပါ။ စစ်ရဟတ် ယာဉ် ပျံဝဲပြီး စက်သေနတ်နဲ့ ပစ်တော့ ဦးမြင့်ရဲ့ပေါင်ကိုထိတယ်။ ဗိုလ်ကြီးကျော်မင်းခိုင်ရဲ မိဘတွေဖြစ်တဲ့ ဦးဗိုလ်နီနဲ့ဒေါ်နွဲ့ အတူနေကြတာ။ Mi35 အပေါ် ကနေ သေနတ်နဲ့ပစ်တာ။ သူတို့သား နေပြည်တော်စစ်ထောက်ချုပ်ရုံး မှာ တာဝန်ထမ်းဆောင်နေလို့ ဖွံ့လှိုင်းရွာကို စစ်တပ် က ဒုက္ခ မပေးတာ လို့ လွန်ခဲ့တဲ့ ရက်တွေက သူ့မိဘတွေက ဂုဏ်ယူနေကြတာ။ အခုက စစ်တပ်က ဘာတိုက်ပွဲမှမဖြစ် ဘဲ နဲ့ နာရီဝက်လောက် ရဟတ်ယာဉ်နဲ့ ပစ်လိုက်တယ်။ သူတို့တွေလည်း အကုန်ပြေးရတယ်။ တစ်နယ်လုံးအခုထိ ရွာပြန်မကပ်နိုင်ဘူး။ ရွာမြောက်ဘက် ရွှေဘို မြို့ထိပ်မှာရှိတဲ့ ဘုရင်မ အရက်ချက်စက် ရုံမှာ တပ်ချ ပြီးရွာဘက်ကို ရမ်းသမ်းပစ်နေတာ။ ဗိုလ်ကြီးကျော်မင်းခိုင်ကိုလည်း သိစေချင်တာက မင်းရဲ့ ရွာက မင်းမိဘနဲ့ အပြစ်မဲ့ပြည်သူတွေကို မင်းတို့စစ်တပ်က မီးရှို့၊ လေကြောင်းကနေ အကြောင်းမဲ့ ပစ်နေပြီဆိုတာ သိစေချင်တယ်။ မြင်စေချင်တယ်။ မင်းဦးလေး မင်းအဖေ အမေ က အသက်အရွယ်အရ မပြေးနိုင်။ အခုတော့ မင်းရဲ့ စစ်တပ်က ပစ်တဲ့ ဗုံးက မင်းရဲ့ အိမ်ခေါင်မိုးပေါ် ကျတဲ့ ဗုံး။ မင်းအိမ် သားတွေ ကို ထိမှန်ပြီလို့သိစေချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းတိုင်းဝက်လက်မြို့နယ် ဖွံ့လှိုင်း၊ ယင်းမာကန်နှင့် ချောင်းဆုံ ကျေးရွာများ ကို စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး ဝင်စီး နင်းသဖြင့် ပြည်သူထောင်ချီ ထွက်ပြေးနေရပြီး ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article