35 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဖွံ့လှိုင်းကျေးရွာကို စက်တင်ဘာလ ၉ ရက်နေ့မှာ အကြမ်းဖက် စစ် ကောင်စီတပ်ကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ပြီး ကျေးရွာကို ဝင်ရောက်စီးနင်းတဲ့အချိန် စစ်ကောင် စီရဲ့နေပြည်တော် စစ်ထောက်ချုပ်ရုံးက ဗိုလ်ကြီးကျော်မင်းခိုင်ရဲ့ မိသားစုဝင်တချို့ပါ ကျည်ထိမှန် ဒဏ်ရာရပြီး ထွက်ပြေးရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာမှာ ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၇ နာရီခွဲလောက်က ဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီဘက်က ရဲ ၂ ဦး ပစ်ခတ် ရှင်းလင်းခံရပြီး နေရာမှာ တင် ပွဲချင်းပြီး သေသွားတဲ့အတွက် ၊ ကျေးရွာတစ်ခုလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ သွေးသောက်အဖွဲ့က နန်းတွင်းစစ်ကြောရေးအတွင်း စစ်ကောင် စီတပ်ရဲ့ ဖမ်းဆီးမှုခံထားရတဲ့ လူငယ် ၄ ဦးကို လည်ပင်းလှီး သတ်ဖြတ်လိုက်တဲ့အပြင်၊ အလောင်းကို စွန့်ပစ်ပြီး ၊ သွေးသောက်တံဆိပ် လည်ဆွဲတွေကို ဆွဲထားခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article