34 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ကချင်ပြည်နယ်ရဲ့ အဆင့်မြင့်တက္ကသိုလ်ဖြစ်တဲ့ Kachin State Comprehensive University ဖွင့်ပွဲကို NUG အစိုးရ အကြီးအကဲပုံတွေ ချိတ်ဆွဲပြီး ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် အပါအဝင် KIO တာဝန်ရှိသူတွေဟာ မနေ့က တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ The Kachin Net ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ -မိုးဗြဲမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနေတဲ့ အဆောက်အအုံထဲကို ရဲရင့် သတ္တရှိစွာနဲ့ လက်ပစ်ဗုံးနဲ့ သွားပစ်တိုက်ခိုက်ခဲ့တဲ့ရဲဘော်တစ်ဦးရဲ့ရုပ်သံဗီဒီယိုဖိုင်ကို ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃က စက်တင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။ – နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ လေတပ်ရဲ့လေယာဉ်ဆီ ခိုးရောင်းတဲ့ခြစားမှုကြီးတွေဟာ မင်းအောင်လှိုင် လက်ထက်မှာ ပိုပြီး ဆိုးဝါးလာနေတယ်လို့ ဆောင်းပါးရှင် မိုက်ကယ်(CDM)က ရေးသားထားပါတယ်။ – စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်း မှားယွင်းသတ် ဖြတ်မှုကို NUG က ရုံးတင်စစ်ဆေးမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article