28 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ၊ တောင်ယာကမ်း- ကျေးရွာက စစ်မှုထမ်းဟောင်းဖြစ်တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မောင်ယု ဆိုသူဟာ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီ လောက်က ပစ်ခတ်ခံရပြီး သေသွားတယ်လို့ သိရပါတယ်။ – ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ထော် ကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရွာအရှေ့ဘက်က စခန်းနဲ့ ရွာတောင်ဘက်က စခန်းကို PDF တပ်တွေက စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် ခဲ့တယ်လို့ သိရပါတယ်။ – ချင်းပြည်နယ်မှာ စက်တင်ဘာ လ ၇ ရက်နေ့က ခိုးကြောင်ခိုးဝှက်နဲ့ သတင်းထောက်လှမ်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီး ရမိထားတးယ်လို့ Chinland Defense Force – Mara ၊ အမှတ် ၂ ဗျူဟာ၊ တပ်ရင်း ၁ က သတင်းထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်း တွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article