38 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၃ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီး- ကားလမ်းတစ်နေရာမှာ စက်တင်ဘာလ ၆ ရက်နေ့က စစ်ကြောင်း ထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ- ၂၆၅ တပ်ကို PDF နဲ့ ကော်သူလေးတပ်မတော်တို့ ကနေ ပူးပေါင်းတိုက် ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်က ဗိုလ်မှူး နိုင်ဝင်းအောင် အပါအဝင် ၇ ဦးသေသွားတယ်လို့ စစ်တပ် နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ – မကွေးတိုင်း၊ ပေါက်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းက ရဲတပ်သား အာဆီယံ- ဟိန်း ဆိုသူဟာ G 3 တစ်လက်၊ ကျည် ၁၃၂ တောင့်၊ ကျည်ဘောက် ၂ ခု ၊ လက်ထိပ် တစ်ခုနဲ့တကွ CDM ဝင်လာခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ ရန်ကုန်ခေတ်သစ်သတင်းကိုပြောပါတယ်။ – အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့ကြတဲ့ ပြည်သူ့စစ်သားတွေရဲ့ သားသမီး တွေဟာ KNU က စီစဉ်ပေးမှုနဲ့ ကျောင်းစတက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ – ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ သိန်းသန်းချီကားကြီး ဝင်းအတွင်းမှာရှိတဲ့ KBZ ဘဏ်ရှေ့မှာ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၊ စစ်ကောင်စီ လက်ပါးစေ ပြည်သူ့ စစ် ၂ ဦး သေသွားသလို ၊ ပြည်သူ ၁ ဦးလည်း သေဆုံးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article