Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီကျော်လောက်မှာ စစ်တပ် သတင်းပေး ၄ မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းဗိုလ်ဆိုသူ ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွား တယ်လို့သိရပါတယ်။ – ကလေး၊ ဘီးလင်း နဲ့ စဉ့်ကိုင်တို့မှာ အုပ်ချုပ်ရေးမှုး ၊ ပျူစောထီး နဲ့ စစ်တပ်သတင်းပေးဒလန်တွေ ပစ်ခတ်ရှင်းလင်းခံရပြီး အသီးသီး သေဆုံးသွားကြပါတယ်။ -ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ပေါ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲပြီး ပစ်ခတ်မှု ဖြစ်ပွားရာမှာ ပျူစောထီး ၂ ဦးနဲ့ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့တဲ့အပြင် ၊ လက်နက် ၄ လက်ပါ ပါသွားတယ်လို့ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ – အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကြား စစ်ရေးတင်းမာပြီး ၊စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့သတင်း အပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။