28 C
Yangon

ဆိပ်ဖြူနှင့် ပခုက္ကူ အစပ်ရှိ ကျေးရွာ ၁၅ ရွာကို စစ်တပ်က ဝင်ရောက် ဖျက်ဆီး၊ ပြည်သူ ၂ သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ဖမ်းဆီး ခံရသူများလည်းရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

မကွေးတိုင်း ဆိပ်ဖြူနှင့် ပခုက္ကူမြို့နယ် အစပ်ရှိ ကျေးရွာ ၁၅ ရွာကို အကြမ်းဖက် စစ်တပ်က စက်တင်ဘာလဆန်းပိုင်းက စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်နေသောကြောင့် ပြည်သူ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝါဇီ စက်ရုံနှင့် လက်နက် စက်ရုံ ကပစ ၂၂ အကြားရှိ သံပရာပင်၊ ရှားလောက်၊ အနောက်ကမ်းဖြူ၊ ဘဲကျ၊ ကျားဘေ၊ ကျားကွဲ၊ ညောင်ကိုးဝ စသည့်ကျေးရွာများနှင့် ယောချောင်း တစ်ဖက်ကမ်းရှိ ပခုက္ကူမြို့နယ် တန့်ကြည့်တောင်ဘုရား အနောက်ဘက်ရှိ စညောင်း၊ ဒဲ့ပြား၊ ဥယဥ်စု၊ အရှေ့ကမ်းဖြူ၊ တောင်ပလူ၊ ရှားဒူး စသည့် ကျေးရွာများကို စစ်ကြောင်းထိုး နေခြင်းဖြစ်ကာ ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၂ သောင်းကျော်ခန့်သည် တောတောင်များ အတွင်း ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ၏ မိုင်းဆွဲ တိုက်ခိုက်မှုများကို ကြောက်လန့်သောကြောင့် ရွာချင်းဆက် လမ်းများအတိုင်း မသွားဘဲ တောလမ်းမှ သွားလာနေပြီး အနောက်ကမ်းဖြူရွာမှ တောထဲတွင် စစ်ရှောင်နေသည့် ပြည်သူများလည်း ဖမ်းဆီး ခံထားရကြောင်း​သိရသည်။

” စစ်ခွေး စစ်ကြောင်းတွေက ကားလမ်းအတိုင်း မသွားဘဲနဲ့ တောနင်းပြီးသွားနေတာ အနောက်ကမ်းဖြူရွာက တောထဲမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေလည်း အဖမ်းခံရတယ်။ ပြည်သူတွေက နီးစပ်ရာ တောတောင်ထဲကို ထွက်ပြေးရင်း တစ်ကွဲစီ ဖြစ်နေကျတာ မနေ့ည က ဆားလောက်ရွာမှာ ညအိပ်ပြီး ရွာထဲက ခိုင်းနွားတွေကိုသတ်ပြီး ချက်စားသွားပါတယ်။ ဒီမနက် ဘဲကျ ရွာထဲက ဆိတ်တွေကိုလည်း ချက်ပြုတ် စားသောက်နေပါတယ်။ ကျားကွဲ ရွာ ဘက်ကိုဦးတည်နေပါတယ်။ စစ်ကြောင်းက ကျေးရွာ ချင်းဆက်ကားလမ်းတိုင်း မသွားဘူး။ မိုင်းကြောက်လို့ တောနင်းပြီးလာတော့ တောထဲမှာ ပုန်းနေတဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်း လုပ်နေပါတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – မကွေးတိုင်းအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးမှုများကြောင့် စစ်ပြေးတိမ်းရှောင်နေရသော ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article