31 C
Yangon

KIA ၊ KNLA ၊ PDF နှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၅၈ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

KIA ၊ KNLA ၊ PDF နှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၅၈ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များနှင့် ERO များထံမှ သိရှိရသည်။

စစ်တပ် နမ္မတူ ဗျူဟာစခန်း တိုက်ခိုက်ခံရ ၊ KIA စခန်းသိမ်းသော စစ်တပ် အလစ်တိုက်ခံရပြီး စစ်သား ၄၇ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ရှိ စစ်ကောင်စီဗျူဟာတပ်စခန်းကို KIA နှင့် PDF တို့ ပူးပေါင်းပြီး စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ၃၀ နာရီအချိန်ကစပြီး ရှောင် တခင် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ KIA နှင့် PDF တို့ပူးပေါင်းပြီး နမ္မတူဗျူဟာ ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကချင်ဒေသ သတင်းရင်းမြစ် 7Stars News က သတင်းဖော်ပြသည်။

အလားတူ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း နမ္မတူ နှင့် မန်တုံကြား ရှိ ဆင်လီကောင်ရာ ရွာ အနီးတွင် KIA နှင့် စစ် ကောင်စီတပ်တို့ အပြန် အလှန်ပစ်ခတ်မှု ရှိခဲ့ကြောင်း သိရှိရသည်။

ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီ နှင့် KIA တို့ ပုံမှန် ထိတွေ့မှု ရှိနေပြီး စက် တင်ဘာ ၇ ရက်နေ့တွင် KIA တပ်ရင်း ၉ ရှေ့တန်းနေရာ တစ်ခုကို စစ်ကောင်စီ တပ်က သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းတပ်စခန်းအတွင်း စစ်ကောင်စီတပ်တို့ ခိုနားနေစဉ်မှာပင် KIA ဘက်က စခန်းကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက် ခဲ့ရာ စက် တင်ဘာလ ၈ ရက်နေ့တွင် စစ်သား ၄၇ ဦး သေဆုံးခဲ့ပြီး ပြန်လည် ဆုတ်ခွာခဲ့ကြောင်း ကချင်ဒေသ သတင်းရင်းမြစ် 7Stars News က သတင်းဖော်ပြသည်။

ဝက်လက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ဝက်လက်မြို့နယ်၊ လှတောစခန်းကို နောင်ရိုး ပျောက်ကျားတပ်ဖွဲ့၊ သမန်း ကျား ပျောက်ကျားတပ်ဖွဲ့ ပန်းပျိုးလက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ရွှေဘိုမြို့နယ်တိုက်နယ်၅ CDFSHWEBO ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တို့က ပူးပေါင်းကာ တာဝေးပစ် လက်နက်ကြီးများဖြင့် ၁၅ ချက် ခန့် ဝိုင်းဝန်းပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၇ ဦးခန့် ဒဏ် ရာ ရရှိသွားကြောင်း သိရှိရသည်။

မြ၀တီတွင် စစ်သား ၁ ဦးသေဆုံး

ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ အတွင်းရှိ သေ့ဘော့ဘိုးကျေးရွာ ဘုန်းကြီးကျောင်း နှင့် ဘလက်တို ကျေးရွာရှိ ပြည်သူပိုင် နေအိမ်များအား ဆုံဆည်းမြိုင်ကျေးရွာတွင် အခြေပြုထားသော အကြမ်းဖက် စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီး ဖြင့် ယနေ့ စက်တင်ဘာ ၂၈ နံနက် ၀၀ နာရီ ၃၀ မိနစ်မှ နံနက် ၃ နာရီ ခွဲ ခန့်အထိ အဆက်မပြတ် ပစ်ခတ် ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် သေ့ဘော့ဘိုး ‌ကျေးရွာ ဘုန်းကြီးကျောင်းတွင် ထိမှန်ပျက်စီးမှုများရှိခဲ့ပြီး ဘလက်တို ကျေးရွာရှိ ဒေသခံ ပြည်သူများ၏ နေအိမ်များ ၊ အဆောက်အဦးများ ပျက်စီးခဲ့ရကြောင်း၊ ပြည်သူများ ထွက်ပြေးရကြောင်း သိရှိရသည်။

တောင်နီး ကျေးရွာအနီးတွင် အခြေပြုရန် ကြိုးစားနေသော အကြမ်းဖက် စစ်ကောင်စီ ၏ ခမရ ၁၀၄ ကို KNLA တပ်ရင်း ၂၇ ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ ၂ က စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည်ပိုင်းတွင် တိုက်ခိုက်ခဲဗကြာင်း၊ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းသတင်းထုတ်ပြန်သည်။

ကြာအင်းဆိပ်ကြီးတွင် စစ်သား ၁ ဦးသေဆုံး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မက္ကတောကျေးရွာ အနီးတွင် ကျူး ကျော် ရန်ကြိုးစားလာသော အကြမ်းဖက်စစ်ကောင်စီ၏ စကခ(၁၃) လက် အောက် ခံ ခမရ ၅၅၆ ကို KNLA တပ်ရင်း ၁၇ နှင့် နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့များမှ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင် စီဘက်မှ တစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာပြင်းထန်ကြောင်း နဂါးနီစစ် ကြောင်း က သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ် တပ်မဟာ ၅ နယ်မြေတွင် စစ်သား ၅ ဦးသေဆုံး

ကရင်ပြည်နယ် တပ်မဟာ ၅ နယ်မြေအတွင်း စက်တင်ဘာလ ၂၆ ရက်နေ့က အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း KNU-မူတြော်သတင်းစဥ်ထံမှ သိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းတို့ ဖာပွန်-ကမမောင်း လမ်းပိုင်းတွင် ၂ ကြိမ် တိုက်ပွဲဖြစ်ပွား စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF တပ်ရင်း ၁၀၁၄ တပ်ဖွဲ့ဝင်များသည် ဖာပွန်-ကမမောင် လမ်းပိုင်းရှိ ဖာပွန်-ကတိုင်တိ အကြားတွင် ကုန်းလမ်းသော် လည်းကောင်း၊ ရေလမ်းသော်လည်းကောင်း ဒေသခံ ပြည်သူများအား သွားလာခွင့်မပြုတော့ကြောင်းနှင့် ပိတ်ပင်ထားသည်ကိုသွားလာမည့် ပြည်သူများ၏ ကား၊ ဆိုင်ကယ်နှင့် စင်လှေများကို ဖမ်းဆီးဖျက်ဆီးသွားမည် ဖြစ်ကြောင်း BGF တပ်များက ခြိမ်းခြောက်ထား​ကြောင်း KNU-မူတြော်သတင်းစဥ်ထံမှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article