38 C
Yangon

လွိုင်ကော် ခရီးသည်တင် လေယာဉ်ပစ်ခတ်ခံရမှု PDF ကို အကြမ်းဖက်ဟု နာမည်ဖျက်ရေး စစ်တပ်၏ လုပ်ကြံမှုဟု လေကြောင်းကျွမ်းကျင်သူများ ကောက် ချက်ချ၊ ဒဏ်ရာရရှိသူမှာ တပ်ကြပ်ကြီး စာရေး ဖြစ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

ကရင်နီပြည်နယ်၊ လွိုင်ကော်လေဆိပ်တွင် စစ်ကောင်စီလက်အောက်ခံ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA လေယာဉ် ပစ်ခတ်ခံရမှုနှင့်ပတ် သက်၍ စစ်တပ်ဘက်က ထုတ်ပြန်မှုများသည် သံသယဖြစ်စရာများ ပါဝင်နေပြီး PDF က ခရီးသည်တင်လေယာဉ်ကို အကြမ်းဖက် တိုက်ခိုက်သည်ဟု နာမည်ဖျက်ရန် စစ်တပ်၏ လုပ်ကြံမှုဟု ကောက်ချက် ချနိုင်ကြောင်း လေကြောင်းဆိုင်ရာ ကျွမ်း ကျင်သူတချို့က မှတ်ချက်ပြုသည်။

ယနေ့ နံနက်ပိုင်းတွင် ခရီးစဉ်အမှတ် UB – 149 ဖြင့် ရန်ကုန်-နေပြည်တော် -လွိင်ကော်-ရန်ကုန် ခရီးစဉ်အဖြစ် ပြေးဆွဲသည့် မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA)မှ လေယာဉ်အမှတ် XY-AML ၊ လေယာဉ်အမျိုးအစား ATR-72(600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိင်ကော်လေဆိပ်သို ၈ နာရီ ၄၅ မိနစ်ခန့်၌ ဆင်းသက်ရန် လေယာဉ် ဆင်း သက်စဉ် အမြင့်ပေ ၃၅၀၀ ခန့်၊ လေယာဉ်ပြေးလမ်း၏ မြောက်ဘက် ၄ မိုင်ခန့်အကွာသို ရောက်ရှိစဉ် ပစ်ခတ်ခံခဲ့ရပြီး လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်ကို ထိမှန်ခဲ့ကြောင်း၊ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန် ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

” ပေ၃၅၀၀ ဆို တဲ့ အမြင့်က အောက်ကနေ ပစ်တယ်ဆိုရင် တစ်ဖြောင့်တည်းမသွားပါဘူး။ လေယာဉ် ဆင်းသက်ခါနီးမှာ Speed Reduce လုပ်ရတယ်။ ပေ ၁၀၀၀ ဝန်းကျင်ဆိုမှ အောက်ကနေ လေယာဉ်ကို ကောင်းကောင်းမြင်ရမယ်။ ဒါက တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် အောက်ကနေ ပစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာတစ်ခုရှိပါတယ်။ အဲဒါက လေယာဉ်ဆိုက်ရောက်ပြီး လေယာဉ်ပေါ်ကို ဝင်ရောက်ပစ်ခံ ရတာက ဖြစ်နိုင်​ ခြေ ရှိတယ်။ ခရီးသည်ထိုင်ခုံ အရဆို ခုံနံပါတ်က 16-A ဆိုတော့ သူကအရင်ဆင်း ရမှာ။ ATR 72 600 က အနောက်တံခါးပေါက်ကနေဆင်းရတာမလို့ပါ ဒါကတစ်ချက်။ လေယာဉ်က နေ ပြည်တော်-ရန်ကုန် မလို့ Transits passenger ဖြစ်နိုင်တယ်။ အဲ့ဒါဆို ရင်တော့ အခြား ခရီးသည် ဆင်းတဲ့အချိန် ဝင်ပစ်ခံ ရတယ်လို့ပဲသတ်မှတ်ရမယ်။ အထဲ ကို ဝင်ပစ်တာမှာလည်း ပစ်ခံရသူသည် တပ်ကြပ်တစ်ဦးဖြစ်နေတယ်။ ကျိန်းသေပေါက်က တော့ အောက်ကနေမဟုတ်ဘဲ အထဲ အထိဝင်ပစ်တာမို့ ကျိန်းသေပေါက်နာမည် ဖျက်တာပါပဲ PDF ကို။ ဒီခရီးစဥ်မျိုးမှာ.. ဘယ်သူ တစ်ဦးတစ်ယောက်က မှ လေဆိပ်ဝန်ထမ်း၊ လေကြောင်းရဲ မှ တစ်ပါး ခရီးသည် boarding မခေါ်ခင်အထိ ဝင်လာခွင့်ကို မရှိပါဘူး။ ပြည် တွင်းခရီးစဥ် မှာ လေ ကြောင်း ရဲ နှစ်ယောက် လိုက်ရပါတယ်။ ရှေ့ တစ်ယောက် နဲ့ နောက်ဆုံးတန်း မတိုင်ခင် အရှေ့တစ်တန်း မှာ ရဲ ရှိနေရက် နဲ့ ပစ်ခတ်နိုင်တယ်ဆို တာကတော့.. ကျိန်း သေပေါက်.. နာမည် ဖျက်ဖို့ အတွက် တပ်ကြပ်ကြီး ကို ရင်းပြီး Passenger Flight ကို တိုက်ခိုက်တယ်လို့ လုပ်ကြံတာပါ ။ VIP flight မှာတောင် အတွင်းပိုင်းထဲကို လုံခြုံရေးမဟုတ်ရင် အခြားဘယ်သူမှ သေနတ်ကို ယူဆောင်ခွင့် မရှိပါဘူး” ဟု လေကြောင်းဆိုင်ရာ ကျွမ်း ကျင်သူက ပြောဆိုသည်။

ထို့ပြင် လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကလည်း “ပေ ၃၅၀၀ အောက်ကနေပစ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ လေယာဥ်ကွင်းနားက Base Leg ဆိုတာတောင် ပေ တစ်ထောင်အနည်းဆုံး ၁၅၀၀ ပဲ။ ပစ်ခတ်မယ့် လက်နက် အာ့လောက်အရှိန် မရှိနိုင်ဘူး။ လေယာဥ်လည်း ပေါက်တယ် လူလည်းထိဆိုတာကမှ ပို မဖြစ်နိုင်တာ။ လေယာဥ်မှာအပေါက်ရှိရင် Oxygen pressure ဘယ်လိုမှ ထိန်းညှိလို့ မရတော့ဘူး။ ပျံလို့လည်း မသင့်တော့ဘူး။ လေယာဉ်အပေါက်နဲ့ ရန်ကုန်လေဆိပ် ပျံသွားတယ်တဲ့လား။ လေယာဉ်အပေါက်နဲ့ ဘာလို့ပျံလာလဲ။ ခရီးစဉ်တွေမှာ Security က အနည်းဆုံး ၂ ယောက်ပါတာ။ အပြစ်မဲ့ ခရီးသည်တင်လေယာဥ်ကို လုပ်ပါတယ်လို့ စစ်တပ် ဆန့်ကျင်ဘက် အဖွဲ့တွေကို နာမည်ဖျက်ချင်တာ”ဟု ရှင်းပြသည်။

ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိသူမှာ အကြမ်းဖက် စစ်ကောင်စီတပ်မှ တပ် ကြပ်ကြီးစာရေး သိန်းစိုးညွန့် ခွင့်ဖြင့် ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပစ်ခတ်မှုကြောင့် လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်ကို ထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် တပ်ကြပ်ကြီး သိန်းစိုးညွှန့်၏ ညာဘက်ပါးတွင် ကျည်ထိမှန် ဖောက်ဝင်ဒဏ်ရာရရှိခဲ့ဟု ထုတ်ပြန်မှုမှာလည်း ရှေ့နောက် မညီဟု သုံးသပ်ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article