31.4 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: September, 2022

အကြမ်းဖက် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် မိုးဗြဲရှိ ပြည်သူပိုင် နေအိမ် အလုံး ၁၀၀ ထက်မနည်း လက်နက်ကြီးထိမှန် ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရှမ်းပြည်နယ်-ကရင်နီပြည်နယ်အစပ် မိုးဗြဲတွင် စက်တင်ဘာလ ၈ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယမန်နေ့ ၄ ရက်မြောက်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူ ပိုင် နေအိမ်အလုံး ၄၀ ထက်မနည်း လက်နက်ကြီးထိမှန်ပျက်စီးသွားကြောင်း၊ တိုက်ပွဲကာလ တစ်လျှောက်လုံးနေအိမ် ၁၀၀...

မုံရွာ၊ ညောင်ဖြူပင်ကျေးရွာတွင် ရဲတပ်သား သန်းလှိုင်အပါအဝင် ရဲ ၂ ဦး ပစ် ခတ်ခံရပြီးသေဆုံး၊ ကျေးရွာတစ်ခုလုံး ပိတ်ဆို့ ခံထားရ၊ ပြည်သူ ၂ ဦးလည်း သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၂ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာတွင် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ကျေးရွာတစ်ခုလုံးကို စစ်တပ်က ပိတ်ဆို့ခံထားရကြောင်း ဒေသ ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်...

ပြည်သူကို ဗုံးကျဲ သတ်ဖြတ်နေသည့် တိုက်လေယာဉ် နှင့် ရဟတ်ယာဉ်များကို ပြုပြင်ပေးခြင်းဖြင့် စစ်ရာဇဝတ်မှု တရားခံ ရုရှားပြန် ဗိုလ်ကြီး မင်းမော်ဟန်

By မိုက်ကယ် (CDM) အကြမ်းဖက် မင်းအောင်လှိုင် ခေါင်းဆောင်သော ဖက်ဆစ်စစ်တပ်က ကျူးလွန်နေသည့် စစ်ရာဇ ဝတ်မှုများ နှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို သွယ်၀ိုက် ပါဝင်ပတ်သက် ကျူးလွန်နေသူများတွင် ရုရှားပြန် ဗိုလ်ကြီး မင်းမော်ဟန်လည်း ပါဝင်သည်။ ဗိုလ်ကြီးမင်းမော်ဟန်သည် DSTA အမှတ် ၉ သင်တန်းဆင်းပြီး ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့ကာ...

ဖရူဆိုနှင့် ရှားတောတွင် အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၂ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်နှင့် ရှားတောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား စက်တင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ကရင်နီသတင်းရင်းမြစ်များထံမှ သိရှိရသည်။ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရှားတောမြို့နယ်၊ ပွန်ချောင်းအနီး...
00:05:34

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ရှမ်းပြည်နယ်-ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့မှာ ဖြစ်ပွားတဲ့ စက်တင် ဘာ လ ၁၁ ရက်နေ့ ၄ ရက်မြောက်တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ၂၀ ဦးကျော်သေဆုံးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။...

တန့်ဆည်တွင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ထားရှိရေးနှင့် စစ်အာဏာရှင် ကျဆုံးရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၂ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်ဦးဆောင်၍ ကုလသမဂ္ဂအထွေထွေညီလာခံတွင် NUG၏ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးနှင့် စစ်အာဏာရှင်ကျဆုံးရေး ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေး တောင်းဆိုဆန္ဒပြကြသည်။

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၂ မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၁၁ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက်...

မုံရွာ-အမြင့်လမ်း သပိတ် စစ်ကြောင်း ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၁ မုံရွာ-အမြင့်လမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၁ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၁ မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img