28 C
Yangon

ကညွတ်ကွင်းရဲစခန်း အနီး ဗုံးပေါက် ရဲ ၃ ဦး ဒဏ်ရာရ၊ ကလေးမြို့နယ်တွင် မိုင်းမိပြီး စစ်အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ ရဲစခန်းအနီး ယနေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကညွတ်ကွင်းမြို့ ရဲစခန်း အရှေ့ဘက် ရန်ကုန်-မန္တလေး လမ်းမ အကျော်တွင် ဖြူးမြို့နယ် နဂါး ပတ်မြို့ပြ ပြောက်ကျားအဖွဲ့မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဗုံးခွဲတိုက် ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း နယ်ထိန်း ဓနု ဆိုသူ ဝမ်းဗိုက်တွင် ပြင်းထန် ဒဏ် ရာရှိခဲ့ပြီး ရဲတပ်သား ကောင်းထက်ကျော် နှင့် ဝေယံတို့မှာ ခြေထောက်တွင် ထိ ခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူများ ထိခိုက်မှု မဖြစ်စေရန် ဆောင်ရွက်ခဲ့ပြီး မြို့ပြပြောက်ကျားအဖွဲ့ဝင်များ အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖြူးမြို့နယ် ပကဖ ကထုတ်ပြန်ထားသည်။

အလာတူ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့် စစ်ကိုင်း တိုင်း ကလေးမြို့တောင်ပိုင်း နည်းပညာတက္ကသိုလ်(ကလေး)အနီး၌ မိုင်းရှင်းရန် ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးအား PDF(Kalay) မိုင်းတပ်ဖွဲ့မှ အသင့်တပ်ဆင်ထားသောမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် အရာရှိအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း PDF(Kalay) က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် မိုင်းပေါက်ကွဲသည့် အနီးပတ်ဝန်း ကျင်သို့ ၁၀ မိနစ်ခန့် ရမ်းကားပစ်ခတ်ခဲ့ကြောင်း ၊ ထို့ပြင်ယနေ့နံနက် ၁၁ နာရီခွဲဝန်းကျင်အချိန်ခန့်၌ ကလေးမြို့မြောက်ဘက်မြို့ပြင် ဖောင်ကူးတံတားဘက်သို့ မောင်းနှင်လာသော အကြမ်းဖက် စစ်ကောင်စီယာဉ် ၂ စီးပါ ယာဥ်တန်းကို PDF (Kalay)မိုင်းတပ်ဖွဲ့က အသင့်တပ်ဆင်ထားသော မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီယာဥ် ၁ စီး လမ်းမကြီးတွင် ထိုးရပ်သွားကြောင်း ၊ ကလေးမြို့မြောက်ဘက်မြို့ပြင် ဖောင်ကူးလမ်းမိုင်းခွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးဟု PDF (Kalay) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဓာတ်ပုံ-ကညွတ်ကွင်းရဲစခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article